"Welcome From ANTHEIA"
ရွှေအိုရောင်အနားသတ်ထားသော ဗီနိုင်းအဖြူရောင်ပေါ်တွင် အမဲရောင်စာလုံးကြီးများကထင်းလို့နေသည် ။
နာမည်ကအဆန်းပါလား ။
စိတ်ထဲကတွေးလိုက်မိရင်း ဆိုင်တံခါးဝတွင်ချိတ်ဆွဲထားသော ရောင်စုံပူပေါင်းတွေထံအကြည့်ကရောက်သွားသည် ။
မှန်တံခါးပေါ်မှာ ကြယ်ပုံစံစတစ်ကာလေးတွေရယ် ပန်းခြောက်လေးတွေရယ်ကပ်ကာ အလှဆင်ထားသော ဆိုင်အဝင်ဝသည် customerတွေကိုဆွဲဆောင်နိုင်မည့်အသွင်ဖြစ်သည် ။"ဘယ်လိုလဲ မိုက်တယ်မလား"
အဝင်ဝမှာရပ်ကာဆိုင်ကိုအကဲခတ်နေကြသော ဟာရုတိုနဲ့ဒိုယောင်း ကိုလှမ်းမေးလိုက်သူက ပတ်ဂျောင်ဝူး ။
ဒီဆိုင်ရဲ့ရှယ်ယာဝင်တစ်ဦးဆိုရင်လဲ
မမှား။"မင်းမလုပ်ထားသ၍တော့ လှမှာပဲ"
"ခွေးကောင် ငါ့ကိုများအထင်သေးလို့"
အပြန်အလှန်ရန်တွေ့နေကြသော နှစ်ယောက်ကို ကြည့်ရင်းရယ်နေမိသည် ။
နောက်တော့ ဟာရုတိုကပဲ ပြန်ထိန်းကာ ဆိုင်ထဲသို့
နှစ်ကောင်လုံးကို ဆွဲသွင်းလိုက်ရသည် ။ မဟုတ်ရင် ဒီနေ့အဖို့ဆိုင်ထဲရောက်ဖြစ်လိုက်မယ်မထင် ။အထဲကိုရောက်တော့လဲ လတ်ဆတ်တဲ့ပန်းရနံ့လေးတွေက နှာဖျားထိပ်ကိုလုယက်တိုးဝင်နေကြသည် ။
မွှေးလိုက်တာ ။
ဘေးဘက်ကိုကြည့်မိတော့ ပန်းအိုးအသေးလေးတွေကို စင်ပေါ်မှာအကန့်လေးတွေနဲ့တင်ထားပြီး အလယ်ခေါင်မှာတော့ ပန်းစည်းတွေရယ် ပန်းအိုးအကြီးတွေရယ်ကို သစ်သားစားပွဲပေါ်မှာ လှလှပပစီရီထားသည် ။
"လာ အထဲမှာထိုင်လို့ရအောင်ခုံတွေလဲချထားသေးတယ် customerတွေစိတ်တိုင်းကျရွေးပြီးနားလို့ရအောင်လေ"
ဂျောင်ဝူးက ဟာရုတို တို့ကိုလှည့်ပြောပြီး အနောက်နားကိုခေါ်သွားပေးသည် ။
သူပြောသလိုပဲ စားပွဲဝိုင်းလေးသုံးခုရယ် ခုံတစ်ချို့ရယ်ကို ဘေးမှာစာအုပ်စင်သေးသေးလေးတွေနဲ့ ဝိုင်းထားတာကို တွေ့ရ၏ ။"ဒီမှာခဏထိုင်နေကြဦး ငါအစ်ကိုတွေကိုသွားခေါ်လိုက်ဦးမယ်"
YOU ARE READING
I AM THE ONLY ONE TO LOVE YOU || HIATUS
Fanfictionအစ်ကို့ကိုချစ်ခွင့်ရတဲ့သူက ဒီကမ္ဘာမှာ ကျွန်တော်တစ်ယောက်တည်းသာ ဖြစ်ရပါလို၏ Haruto X Junkyu Ft.Jeongwoo (MM fanfic)