Chapter3

638 75 13
                                    

Unicode

"ဂျောင်ဝူး ဒီဘက်ကိုပေး ဒီဘက်ကို"

ဂိုးတိုင်နားမှာမတ်တပ်ရပ်လျက်
လက်မြှောက်ကာ
ဂျောင်ဝူးကို လှမ်းအော်နေသည့်
ဟာရုတိုကို စိတ်လှုပ်ရှားစွာကြည့်လိုက်သည်။
စက္ကန့်ပိုင်းတောင်မကြာလိုက်ပါ။
ဂျောင်ဝူးခြေထောက်များက
ဘောလုံးကိုဟာရုတိုဆီ ထိုးပေးလိုက်ပြီဖြစ်သည်။

ဘောလုံးရသွားသော ဟာရုတို၏မျက်နှာတွင် ဂိုးဝင်စေရန်အာရုံစိုက်ထားမှုက အတိုင်းသားပေါ်နေသည်။
ဒီတစ်ဂိုးသာသွင်းနိုင်ရင် ဂျောင်ဝူးတို့အသင်းနိုင်တော့မှာဖြစ်၍ အနိုင်အရှုံးသည် ဟာရုတိုပေါ်တွင် မူတည်နေသည်။

"ဂိုး"

ဘောလုံးကွင်းတစ်ခုလုံးအားပေးသံများဖြင့် ဆူညံသွားသည်။
ဂျောင်ဝူးတို့ အသင်းသားများကလဲ အောင်မြင်မှုကို ယူဆောင်ပေးခဲ့သော ဟာရုတိုထံ အပြေးအလွှားသွားနေကြသည်။
ဟာရုတိုလုပ်နိုင်ခဲ့ပြီ။

"ရက်စ်"

အသင်း၏အနိုင်ရမှုရော ဂိုးသွင်းခဲ့သူမှာ
ဟာရုတိုဖြစ်တာရောကြောင့်
ဂျောင်ဝူးပျော်လဲပျော် ဂုဏ်လဲယူမိသည်။
ကိုယ်ချစ်ရတဲ့သူက
ဒီလို‌ထက်မြက်တဲ့လူလေ။

ဟာရုတိုကိုလှမ်းကြည့်လိုက်တော့ ဂျောင်ဝူးဆီပြေးလာနေသည်ကိုတွေ့ရသည်။
ဂျောင်ဝူးလဲသူ့ဆီ မြန်မြန်ပြေးသွားလိုက်သည်။

"မင်းငါ့ကိုယုံလို့သာပေါ့ ကျေးဇူးပဲဂျောင်ဝူး"

ဝမ်းပန်းတသာပြောနေသောသူကို
ဂျောင်ဝူးပြုံးကြည့်မိသည်။ သူ့အတွက်သံသရာတစ်ဆုံးထိအရာရာပုံပေးထားတာများသိရင် ဘယ်လိုနေမလဲ သိချင်သည် ။

"မင်းတို့နိုင်တဲ့အမှတ်တရအနေနဲ့ ငါဓာတ်ပုံရိုက်ပေးမယ်"

ကင်မရာကိုလွယ်ရင်း အနားရောက်လာသော ဒိုယောင်းက ဂျောင်ဝူးတို့နှစ်ယောက်ကို
လှမ်းပြောသည်။ ဘေးကဟာရုတိုကို
ကြည့်လိုက်တော့ သူက
လက်နှစ်ချောင်းထောင်ကာ
ပို့စ်ပေးနေပြီဖြစ်သည်။
ဂျောင်ဝူးလဲ ဟာရုတိုကဲ့သို့ပင်
လက်နှစ်ချောင်းထောင်လိုက်သည်။

I AM THE ONLY ONE TO LOVE YOU || HIATUSWhere stories live. Discover now