Tenderness Of Love

3.9K 216 44
                                    

[Unicode]

ကျနော်တို့ရဲ့ အချစ်ဟာ ပန်းနုနုလေး လို ထိခိုက်ရှနာလွယ်ရင်တောင် အဲ့လိုဖြစ်တဲ့ထိ ကျနော်တို့ အတူဖူးပွင့်ကြမယ်။ကျနော်သည် သူ့ဆီသို့ သူသည် ကျနော့်ထံသို့။

ဘူဆန် | တောင်ကိုရီးယား။

May,2013.

Author's pov

ငါလေ မင်းကို တခြားသူနဲ့ မမြင်ချင်တော့ဘူး သူငယ်ချင်းလေးအဖြစ်မနေပါနဲ့တော့ ငါအမြဲ ကာကွယ်ပေးရမယ့် ငါ့ရဲ့ ချစ်သူလေးအဖြစ်ပဲ နေပါတော့ Jimin လေးရယ်...။

Jiminမျက်ဝန်းတွေကို မှိတ်ထားသော်လည်း တိတ်ဆိတ်နေသော ညလယ်ယံတွင် ကြားယောင်နေမိသော စကားလုံးတို့က ပို၍ပင် ကျယ်လာသယောင်။ထိုစကားလုံးတို့၏အတိမ်အနက်ကို မတွေးမိအောင်နေလေလေ ပိုလို့ပင်တွေးမိလာ သယောင်။အတွေးဟူသည်မှာ နွံနှင့်တူလေသည်တဲ့။တွေးလေလေ ပို၍ပင် နက်လေလေ။ရုန်းမထွက်နိုင် ဖြစ်နေရတော့သည်။သို့သော် ထို့အတွက် စိတ်ရှုပ်ခြင်းအလျဉ်းမရှိခဲ့ပါ။အိပ်ယာထက် ဟိုဘက်ဒီဘက် လူးလွန့်မိနေရင်း မျက်နှာထက် အပြုံးတို့ဖူးပွင့်နေသည့် ကောင်လေးတစ်ယောက်က စိတ်ညစ်နေသည်ဟုပြောလျှင် ရယ်ရ‌လေ မည်။

Jungkook နှင့်သူဆိုသည်မှာ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည်ပဲ။Jungkook ပြောလိုက်သည့် " ငါ့ရဲ့ ချစ်သူလေး " ဆိုသည့်စကားမှာ Jimin မျက်ရည်ကျမိမတတ်ကြည်နူးပျော်ရွှင်ခဲ့ရသည်။သူကိုယ်တိုင်တောင် ထိုမျှလောက်ထိ Jungkook ထံမှ ထိုစကားလုံးလေးတွေကို ကြားချင်နေခဲ့သည်ဆိုတာ သတိမပြုမိခဲ့ပါလား။ Jungkook ထံမှ အခုလို ရုတ်တရက် ဖွင့်ဟလာမည်ဟု ရေးရေးမျှ မတွေးခဲ့ဘူး။ကြားလိုက်ရချိန်တွင် ဖြစ်ပေါ်လာခဲ့သည့် ရင်ထဲမှ ခံစားချက်တို့က စကားလုံးတို့ဖြင့်ပြောပြရန်ပင် ခက်ခဲလှသည်။ယခင်က သူတစ်ယောက်တည်း အတွေးတို့ဖြင့်လှောင်ပိတ်နေခဲ့ရာမှ လွတ်မြောက်၍ထပ်တူကျသွားသည့်ခံစားမှုမျိုး။အတွေးတို့က အမျိုးစုံပင် ပေါ်လာခဲ့သည်။

ကြည်နူးမှု။ထိုအရာကတော့ သေချာပေါက်ကိုခံစားရသည့်အရာ ဖြစ်သည်။Jungkook အကြောင်းတွေးမိလိုက်ရင် လှုပ်ခတ်သွားသော ရင်အစုံ။ဘယ်အချိန်မဆို အမြဲအားပေးတတ်သည့် Jungkook ၏ စကားလုံးလေးတွေက သူ့ရင်ထဲတွင် တွယ်ကပ်ခိုဝင်နေခဲ့ပြီးပြီပဲ။ကျောင်းတတ်နေချိန်တွေအတွင်း တစ်ချိန်လုံးရင်းနှီးနေခဲ့သော Jungkook ရဲ့ လှုပ်ရှားမှုလေးတွေကအစ တွေးမိတိုင်း ပီတိဖြာစရာ ကောင်းလွန်းလှသည်။Jungkook ပေးထားသည့် လက်ဆောင်လေးတွေကို ကြည့်မိတိုင်းလည်း အမြတ်တနိုး တန်ဖိုးထားမှုဖြင့် တသိမ့်သိမ့်ကြည်နူးရပြန်ပါသည်။

You've reached the end of published parts.

⏰ Last updated: Jan 31, 2021 ⏰

Add this story to your Library to get notified about new parts!

LOVE YOU FOR YOU [ hiatus ]Where stories live. Discover now