Moon Over You

2.2K 305 22
                                    

နီးကပ်​​ခြင်းဟာ စိတ်​ခံစားမှု ​တစ်​စုံတစ်​ရာကို ဖြစ်​​ပေါ်​စေတယ်​ဆိုရင်​ အကွာအ​ဝေး​တွေဟာ ထိုခံစားမှုကိုပိုမို နက်​ရှိုင်း​စေခြင်းပဲ။

ဘူဆန်​|​တောင်​ကိုရီးယား။

At Jeon's Household,

Jungkook တို့၏ ခြံ​လေးသည်​သိပ်​ပြီးအကျယ်​ကြီးမဟုတ်​လှ​ပေမယ့်​ သစ်​ပင်​ပန်းမံများကို ရသည့်​​နေရာတွင်​ စီရရီစိုက်​ပျိုးထား​လေသည်​။ဤ သို့သစ်​ပင်​​လေးများ များပြားလာရခြင်းမှာလည်း အ​ကြောင်းရှိသည်​။

သူနှင့်​အကိုဖြစ်​သူ Jung hyun ကိုမ​မွေးဖွားမီတုန်းက သူ့တို့၏အ​ဖေသည်​ ဆိုးလ်​သို့မကြာခဏအလုပ်​ကိစ္စဖြင့်​ခရီးထွက်​ရတတ်​သည်​။ထို့​ကြောင့်​ Mommy က အိမ်​တွင်​ တစ်​​ယောက်​တည်းကျန်​​နေသည်​ကများ၏။နောက်​ပိုင်းမှသာ Daddy ကရာထူးတိုးသွား၍ ခရီးသိပ်​မထွက်​ရ​တော့​ပေ။

ထိုသို့တစ်​ဦးတည်းဖြစ်​​နေချိန်​တွင်​ မာမီက Daddyကိုလွမ်းလာတိုင်းသစ်​ပင်​တစ်​ပင်​ပြီးတစ်​ပင်​စိုက်​ပျိုး​နေ​လေ့ရှိသည်​။နောက်​ပိုင်း ခြံအပြည့့်​နီးပါးရှိလာ​တော့Daddyကို သတိရရင်​သစ်​ပင်​​လေးများကိုပြုစုရင်း အချိန်​ကုန်​​လေ့ရှိသည်​တဲ့။

သစ်​ပင်​ကိုချစ်​တတ်​သည့်​သူဟာ လူတစ်​ဦးကို မည်​သို့ချစ်​ရမည်​ကို သိသည်​။သစ်​ပင်​သည်​ စိုက်​ပြီးပစ်​ထား၍ရ​သောအရာပင်​ မဟုတ်​။သစ်​ပင်​ပန်းမံဆိုသည်​မှာ ရှင်​သန်​​နေ​သောအနုပညာ ပင်​ဖြစ်​သည်​။

ဆိုပါစို့ရယ်​..သင်​ဟာ ကမ္ဘာ့တန်​ဖိုးအကြီးဆုံးပန်​ချီကားကြီးကို ဝယ်​ထားလိုက်​မည်​။ပြီးရင်​ဘာလုပ်​မလဲ?ဒီအတိုငိး အိမ်​မှာချိတ်​ဆွဲထားလို့ရသည်​။လာသည့်​လူအများကလည်း ​အော်​ လက်​ရာ​မြောက်​​ပေသားပဲ..ဟု အနုပညာကို ခံစားမည်​။သည်​​လောက်​ပဲ။သစ်​ပင်​ပန်းမံက​တော့ ထိုသို့မဟုတ်​​ပေ။သင်​ သစ်​ပင်​တစ်​ပင်​ကို ဝယ်​ပြီးရင်​ ဒီအတိုင်းပစ်​ထားလို့က​တော့ ​သေသွားမည်​သာ။သေချာဂရုတစိုက်​ ​ရေ​လောင်းတန်​​လောင်း ​ပေါင်းနှုတ်​တန်​နှုတ်​ ​မြေသြဇာဖြည့်​တန်​ဖြည့်​ ဒီလိုမှ အပင်​တစ်​ပင်​ဟာ အလှပဆုံးပွင့်​လန်းလာမည်​ပင်​။

LOVE YOU FOR YOU [ hiatus ]Wo Geschichten leben. Entdecke jetzt