Known As Destiny

3.4K 402 38
                                    

ကံကြမ္မာက မင်းကို ဒီလို ဖြစ်စေဖို့ စီစဉ်ပေးခဲ့တာ ဆိုရင် ငါမင်းအတွက် အဲ့ဒီ ကြယ်တာရာ နက္ခတ် တွေကို တစ်ခုချင်းဆီ ပြန်ဖြုတ်ပြီး ကောင်းကင်မှာ ပြန်စီပေးပါ့မယ်။

ဘူဆန်|တောင်ကိုရီးယား။

1.9.1997

ဒီနေ့သည် Jeon မိသားစု၏ စိတ်ကြည်နူး ချမ်းမြေ့စရာ အလွန်ပင်ကောင်းသည့်နေ့ဟု ပြောရပေမည်။ မိသားစုဝင်အသစ် ကလေး သည် ယခုမှ မွေးဖွားသန့်စင်ပြီး အချိန်ဖြစ်၍ အားလုံး၏ မျက်နှာ ၌ အပြုံးပန်းများ ဝေဆာနေကြ၏။

Mrs.Jeon's pov

ကျမ နောက်ထပ် သားကလေး တစ်ဦးကို ထပ်မံ ပိုင်ဆိုင်ရမည့် ကြည်နူးမှုက အစိုးရထီ နှစ်ခါပြန်ပေါက်သည်ထက် အစပေါင်းများစွာ ပိုပါသည်။ရင်ထဲရှိ ဝမ်းသာမှုအား ဖော်ပြ၍ပင် မတတ်လောက်အောင် ဖြစ်ရ၏။ သို့သော် တစ်ခုပဲ ရှိသည်..ကျမ သားလေးကို ပထမဦးဆုံးအကြိမ် နို့ချို တိုက်ကျွေးခွင့်မရတာ ပဲ ဖြစ်သည်။ သားမြတ်လမ်းကြောင်း ပိတ်နေသဖြင့် တခြား ကျမကဲ့သို့ ကလေးမွေးပြီးစ မိခင်များထံမှ တောင်းယူ၍ တိုက်ကျွေးရသည်။

ကျမ အရမ်း ကျေးဇူးတင်ရမည်မှာ ကျမထက်အရင် တစ်ပတ်လောက် ကလေးမီးဖွားထားသည့် အမတစ်ဦးထံမှ နေ့စဉ် တိုက်ခွင့်ရခဲ့သည်။ သူမကလည်း သူမ၏ ကလေးမှာ အသားဝါပိုးတွေ့ သဖြင့် ဓာတ်ကင်ထားရလေသည်။တစ်ပတ် ရှိပြီ။ ယခုအထိ သူမ၏ ရင်သွေးလေးနှင့် မတွေ့ရသေးသော ဒုက္ခမှာ ကြီးလွန်းသည်ဟု ထင်မိ၏။ နောက်ပြီး သူမက သားဦးလေး ဖြစ်သဖြင့် ကျမ ကိုယ်ချင်းစာပါသည်။

ကျမရဲ့ သားကြီးတုန်းကလည်း ခဏလေး မတွေ့ရင်တောင် မီးဝိုင်းသလို ပူပင်နေရသည်ကိုး။
မည်သူကများ ငါ့ရဲ့သားလေးကို ခေါ်သွားလိုက် ပြီလဲဟဲ့။ ကလေးကို ချီရင်း မတော် လွတ်ကျခဲ့ရင် ဖြင့်..စသည်ဖြင့်ပေါ့လေ။ ယခု သားငယ်လေး ကိုလည်း မိခင်နို့ မတိုက်ရသည်ကိုပင် အလွန်စိတ်မကောင်း ဖြစ်မိ၏။

သူမက နို့ချိုတိုက်ကျွေးနေစဉ်..

ကျမ သူမ၏ ကုတင်ဘက်ကို ပြောင်းထိုင်လိုက်ပြီး သားလေးကိုလည်း ကြည့်ရင်း စကားစမြည် ပြောမိသည်။ ကျမရဲ့ အမျိုးသားနဲ့ သားအကြီးလေးကတော့ ဆေးရုံခုံတန်းလေး ပေါ်မှာထိုင်ရင်း အဖေဖြစ်သူက သားကြီးကို စာအုပ်ဖတ်ပြနေသည်။

LOVE YOU FOR YOU [ hiatus ]Where stories live. Discover now