My Dilemma

1.8K 251 20
                                    

ကိုယ်​နှင့်​မဆိုင်​ပါဟု ​ရှောင်​ထွက်​သွားလို့လည်းမရ ဆိုင်​သည်​ဟု​ပြောကာ ခံစားချက်​ကိုတိတိပပ ဖွင့်​ထုတ်​လို့လည်း မရသည့်​​ဘေးကျပ်​နံကျပ်​ အ​ခြေအ​နေပါ​လေ။

ဘူဆန်​ ​| ​တောင်​ကိုရီးယား။

" ဘယ်​လိုလုပ်​​ရောက်​လာတာလဲဟင်​ "

အိမ်​ထဲ​ရောက်​မှ ​မေးလာ​သော Jimin ၏​မေးခွန်းအား Jungkook ဘယ်​လို​ဖြေရမှန်းမသိဖြစ်​​နေမိသည်​။Daddy ဆေးရုံတတ်​​နေသည့်​ ကိစ္စကို ​ပြောပြလို့သင့်​ပါ့မလား။အပူလာ​ပေးမိသလို ဖြစ်​သွားမှာကိုလည်း စိုးရိမ်​​နေမိ၏။ဘေးကျပ်​နံကျပ်​အ​ခြေအ​နေမျိုးကို အခုတ​လော ခဏခဏ ကြုံ​နေရမိသည်​။ဘာ​ကြောင့်​လဲမသိ။ Jungkook က ပုံမှန်​ဆို ဘာကို​ရွေးရမှန်းမသိ ဖြစ်​​နေတတ်​သည့်​ သူမျိုးမဟုတ်​ပါ။

" ဟင်​လို့? "

" ​အော်​..ငါ ငါ့ mommy တို့ကို​ပြောပြီးလာတာ "

" အ​ဝေးကြီးပဲကို "

" လာချင်​ရင်​ ​အနီး​လေး ပါ "

သူ​ပြောလိုက်​သည့်​စကားကို ကိုယ်​တိုင်​ပင်​ မျက်​နှာပူမိသွား​လေသည်​။Jimin ကိုကြည့်​လိုက်​​တော့ ရယ်​သာရယ်​​နေသဖြင့်​ ​တော်​​ပါ​သေး၏။

" တစ်​​ယောက်​တည်းရှိတာလား မင်း​မေ​မေတို့​ရော "

" မရှိဘူး ခရီးသွားတယ်​ "

Jimin ကို ယုံကြည်​စိတ်​ထား​နေပြီလား။Jimin က​ရော အိမ်​မှာလူကြီးမရှိဘဲ ​နေရဲ​နေပြီတဲ့လား။အ​တွေးနှင့်အတူ မျက်​နှာက အံ့ဩဟန်​ဖြစ်​​နေ၍ထင့်​။ Jimin က ချက်​ချင်း ​ဖြေရှင်းချက်​​ပေးလာသည်​။Jungkook အ​တွေး​တွေကို အသိနိုင်​ဆုံးလူသားဟာ Jimin ပဲမဟုတ်​ပါလား​နော်​။

" ဟီး ငါလည်းမယုံနိုင်​ဖြစ်​​နေတာ ညီ​လေးက ​နေမ​ကောင်းလို့ ငါ့ကို အိမ်​​စောင့်​ထားသွားတယ်​ "

အိမ်​ကိုတစ်​ချက်​​ဝှေ့ကြည့်​ရင်း Jungkook ​ခေါင်းငြိမ့်​ပြလိုက်​သည်​။အိမ်​​လေးက အလင်း​ရောင်​လင်းလင်းချင်းချင်းရ​လောက်​ပြီး နေချင်​စဖွယ်​​ကောင်းသည်​။သတိထားမိတာက မှန်​ပြင်​ကို။အ​ပေါ်ထပ်​​ရော ​အောက်​ထပ်​မှာပါ မှန်​တံခါးချပ်​​တွေရှိ​နေသည်​​ကြောင့်​ မနက်​ဖက်​ဆို သဘာဝအလင်း​ရောင်​ ​ကောင်းစွာရ​လိမ့်​မသည်​။ဆိုဖာနှင့်​ အိမ်​​ရှေ့ခန်းအပြင်​အဆင်​ကား ရိုးရှင်း​သော်​လည်း ပန်းနု​ရောင်​ အိမ်​ဖုန်းတင်​ထားသည့်​ အလှစက်​တီ​လေး ရှိ​နေသည်​က အိမ်​ရှင်​မ ၏လက်​ရာပင်​ဖြစ်​ရမည်​။

LOVE YOU FOR YOU [ hiatus ]Donde viven las historias. Descúbrelo ahora