Star-crossed Romance

1.6K 251 19
                                    

[Zawgyi]

ကြမ္မာဆိုးကား ​တောက်​ပသည့်​အရာတို့ကို
နှစ်​သက်​သ​ဘောကျတတ်​​လေသည်​။

ဘူဆန်​|​တောင်​ကိုရီးယား။

March , 2012

Jimin တစ်​​ယောက်​ သူ၏ မျက်​စိ​ရှေ့မှ ခရီး​ဆောင်​အိတ်​ကိုကြည့်​ရင်း မယုံနိုင်​ဖြစ်​​နေရ၏။၁၅နှစ်​အတွင်းဝင်​​နေပြီဖြစ်​​သော ယခုအသက်​အရွယ်​အထိ မိဘနှစ်​ပါးသည်​ သူ့အား က​လေးတစ်​ဦးလို ဆက်​ဆံခဲ့ရာ ယခုအခါ ပထမဦးဆုံးအကြိမ်​အဖြစ်​ လူကြီးအရာသွင်း​လေပြီ။သို့​သော်​ပူပန်​မှုများကို မိဘနှစ်​ပါး၏ မျက်​နှာတွင်
အထင်းသားမြင်​​နေရ​လေ၏။ အလုပ်​ကိစ္စအ​ရေးကြီးသည့်အတွက်​ နှစ်​ဦးလုံးသွားရမှာဖြစ်​သည်​။ အမှန်​က တစ်​မိသားစုလုံးသွားကြရန်​စီစဉ်​ထားခြင်း။

သေချာစီစဉ်​ထားသည်​ဆို​သော ကိစ္စ​တွေ​တောင်​မှ ကံကြမ္မာက ချွတ်​​ချော်​လာသည့်​အခါ အလွဲလွဲအမှားမှား​တွေဖြစ်​ကုန်​ရသည်​။ ထိုသို့ရုတ်​ချည်းဖြစ်​လာတဲ့အ​ခြေအ​နေ​တွေ​ပေါ်မှာ လူ​တွေက သူတို့ရဲ့ ဉာဏ်​ကို သုံးပြီး ပြန်​စီစဉ်​ကြရ၏။ ဒါ​ကြောင့်​လည်း ဘာကိုမှတရား​သေ တွက်​မထားတာ ​ကောင်းမည်​။

ယခုလည်း အ​ရေးကြုံမှ အိမ်​က ညီငယ်​​မျောက်​​လောင်းက​လေးကလည်း ဖျား​နေ​လေသည်​။ထို့​ကြောင့်​ ညီအစ်​ကိုနှစ်​ဦးအား အိမ်​မှာထားခဲ့ခြင်း။သူ့အား အိမ်​​စောင့်​ ထားသာ ထားခဲ့ရသည်​ စိတ်​မချသလို သွားခါနီးအထိ တတွတ်​တွတ်​မှာ​နေတုန်းပင်​။ညီငယ်​အား တိုက်​ရမည့်​​ဆေးက စလို့ မီးကို​သေချာဂရုစိုက်​ရမည့်​အ​ကြောင်း ၊ ​အစားအစာအ​ကြောင်း။နှစ်​လ​လောက်​သွားမှာလည်း မဟုတ်​။သဘက်​ခါ ည​နေဆို ပြန်​​ရောက်​မည်​ပဲကို။

ကားက​လေး မျက်​စိ​ရှေ့မှ ​ပျောက်​သွား​တော့ Jimin ခြံတံခါး​ကိုပိတ်​ပြီး အိမ်​ထဲပြန်​ဝင်​ခဲ့လိုက်​သည်​။ အချိန်​ကား မနက်​၈နာရီခွဲ​လောက်​သာရှိ​သေး၏။ Hyun​လေးက​တော့ အိပ်​​ပျော်​​နေသည်​။အခုအချိန်​ Jungkook ကို ဖုန်း​ခေါ်ကြည့်​ရရင်​​ကောင်းမည်​ဟု ​တွေးမိသည်​နှင့်​အညီ လက်​က အိမ်​ဖုန်း​လေးဆီ​ရောက်​သွား၏။

LOVE YOU FOR YOU [ hiatus ]Where stories live. Discover now