Yoongiဒီနေ့တော့ကျောင်းတက်ဖို့စောစောထွက်လာခဲ့သည်။အိမ်မှာနားငြီးတာကြောင့်လဲပါတာပေါ့။Yoongiအမေကပွစိပွစိဆူတတ်သူမို့သူစိတ်ညစ်တယ်လေ...အိပ်ရေးမဝတာကြောင့်အမြဲစိတ်ရှုပ်တာပေါ့....အမေကစည်းကမ်းကြီးတဲ့သူဖြစ်တဲ့အပြင်ထက်မြက်တဲ့မိန်းမဖြစ်တာကြောင့်သူ့ကို1နှစ်သားထဲကsingle motherအနေနဲ့ပြုစုပျိုးထောင်ခဲ့တာဖြစ်သည်။မာနကြီးပြီးသားကိုအထိမခံ။
ဒါကသူ့မိသားစုပဲပေါ့မထင်မှတ်ပဲJhopeကသူ့ကိုလမ်းထိပ်မှာစောင့်နေသည်။Yoongiလည်းပျင်းတိပျင်းရွဲလျောက်လာရာကသူ့ကိုတွေ့တော့တက်ကြွစွာအပြေးလေးသွားလိုက်သည်။
"ငါ့လာစောင့်တာလား"
"Yoongi....မင်းဒီနေ့ကျောင်းမတက်နဲ့တော့"
"ဘာလို့လဲကွာ"
Yoongiခပ်ဆက်ဆက်ပြောရင်းမျက်စောင်းထိုးလိုက်သည်။Jhopeကသူ့ကိုမျက်စောင်းပြန်ထိုးကာ
"မလိုက်ချင်လဲနေ....ငါလာခေါ်တယ်ဆိုတာပျော်စရာရှိလို့"
"ဘာပျော်စရာလဲ"
"ကောင်မလေးတွေရှိလို့"
"မိန်းကလေးတွေကဘာပျော်စရာကောင်းလို့လဲ"
Yoongiနှုတ်ခမ်းဆူကာပြောရင်းထွက်သွားဖို့လုပ်တော့Jhopeကလှမ်းဆွဲကာ
"နေပါဦးငါ့ကိုခင်ရင်လိုက်ခဲ့"
"အစတည်းကအဲ့လိုပြောတာမဟုတ်ဘူး....လျှာကိုရှည်တယ်"
Yoongiပြောရင်းဆောင့်အောင့်ကာရှေ့ကထွက်သွားသည်။Jhopeလည်းနောက်ကခေါင်းလေးခါကာကြည့်နေမိသည်။အကောင်ငယ်ကသူ့ဘက်ပြန်လှည့်လာကာ
"လာသွားမယ်လေ"
"အဲ့ဘက်မှာမဟုတ်ဘူး"
Jhopeပြောတော့မှသူ့ဘက်ကိုပြန်ပြေးလာကာ
"ဘယ်ဘက်လဲ...."
"ဒီဘက်"
Jhopeပြောရင်းYoongiလက်ကိုဆွဲကာဆွဲခေါ်သွားလိုက်သည်။Yoongiကတော့ဆောင့်အောင့်ကာပါသွားလေသည်။ဆဲဆိုရင်းပေါ့
➖➖➖➖➖➖➖➖➖➖➖➖➖➖
"Jimin....ဘယ်သွားမှာလဲ"
Jinရဲ့အိမ်ထဲကအော်သံကြောင့်Jiminခြေလှမ်းတို့ရပ်တန့်သွားသည်။အနောက်ကိုလှည့်ကြည့်ကာရီပြရင်း
YOU ARE READING
MY PREGNANCY (Complete)
RomanceJiminရဲ့မိုက်မဲမှုကြောင့်မတော်တဆကိုယ်ဝန်ရသွားတဲ့Yoongi..... တာဝန်အရလက်ထပ်ခဲ့တဲ့JiminကရောYoongiပေါ်ချစ်ပါ့မလား.....