11

7.1K 487 60
                                    

Yoongiအမေအိမ်ရောက်ထဲကအဆင်မပြေမှုကစလာသည်။ယောက္ခမကြီးကအငြိုးကြီးတယ်

"အမေ....အရင်ကကိစ္စအတွေက်တောင်းပန်ပါတယ်"

"ဘယ်ကိစ္စလဲ"

"လာတောင်းတုန်းကရိုင်းရိုင်းစိုင်းစိုင်းပြောမိလို့"

"အခုရောယဥ်ကျေးလို့လား"

"အခုတော့ယဥ်ကျေးအောင်ကြိုးစားနေပါတယ်"

"ကြိုးစားတာတောင်ရိုင်းတုန်းနော်"

ခပ်ရွဲ့ရွဲ့ပြောရင်းမျက်စောင်းထိုးသွားတဲ့ယောက္ခမကြီးကြောင့်မချိပြုံးလေးပြုံးကာ

"သားအခုလိမ်မာနေပါပြီ.....Yoongiကိုမေးကြည့်....နော်Yoongi"

"..............."

ဘာမှဝင်မပြောပေးတဲ့yoongiကြောင့်ပတ်ဝန်းကျင်တိတ်ဆိတ်သွားသည်။Yoongiကသူ့ဗိုက်လေးကိုကိုင်ကာငြိမ်နေသည်။

"Yoongi...."

"ဟဲ့သား"

အတန်ကြာငြိမ်နေပြီးမှ....ခေါ်သံကျယ်ကျယ်ကြားမှအသိဝင်လာပုံပင်

"ဟမ်....ဘာ....ဘာလဲ"

"သားဗိုက်ကိုဘာလို့ကိုင်နေတာလဲ..."

"အထဲမှာကလေးကဘယ်လိုနေလဲသိချင်လို့ပြီးတော့.....သားကနို့ထွက်နေတယ်အမေ"

သူ့အမေကိုပြောရင်းJiminကိုပါကြည့်လိုက်မိသည်။Jiminကလည်းသူ့အနားကပ်လာပြီး3လနီးပါးလောက်ပဲရှိသေးတဲ့ဗိုက်လေးကိုပွတ်ကာ

"ကလေးလေးကအထဲမှာငြိမ်နေမှာပေါ့....Yoongiဗိုက်ထဲမှာခွေခွေလေးဖြစ်နေမှာ....."

Yoongiအမေကသူ့ကိုကြည့်ကာပြုံးနေမိသည်။Yoongiကလည်းသူ့ဗိုက်ကိုလာပွတ်ကြည့်တဲ့Jiminလက်ကိုကိုင်ကာ.....

"ဒီနားစမ်းကြည့်....ကလေးရှိလားလို့"

"အင်းရှိတယ်...."

"အပိုတေ.....သုံးလတောင်ပြည့်ဖို့ရက်နည်းနည်းလိုနေတာကို...."

"ကိုကတော့ကြိုသိတယ်။ကလေးလေးကဖေဖေနဲ့ပါးပါးကိုတွေ့ဖို့အပြင်ထွက်လာချင်နေပြီတဲ့"

"ဟွန့်လူလိမ်......ကလေးကဘာမှမပြောတတ်ဘူး"

"ပြောတတ်တာပေါ့...."

MY PREGNANCY (Complete)Where stories live. Discover now