Jhopeတစ်ယောက်yoongiအိမ်မှာJinကိုစတွေ့ထဲကအသေကြွေနေတာဖြစ်သည်။သူ့ကိုကြိုက်နေတာလည်းအတော်ကြာပြီ။သို့ပေမယ့်အခွင့်အရေးမရ......ဒီနေ့တော့ကြံနိုင်ခဲ့ပြီ။သူရဲ့အဖြစ်မှန်တွေသိသွားရင်စိတ်ဆိုးသွားမှာတော့စိုးရိမ်သား.....
"မင်း....ငါ့လက်ထောက်လုပ်မလား....ငါ့အနားမှာငါ့ခိုင်းတာလေးလုပ်ပေးရုံပဲရတယ်မလား"
"ရပါတယ်။"
"မင်းနေဖို့ကတော့ငါ့အိမ်လာနေချင်နေ.."
Jinပြောရင်းjhopeကိုရီပြလိုက်သည်။Jhopeကjinကိုလက်လှမ်းကိုင်ရင်း
"ကျေးဇူးတင်ပါတယ်ဗျာ"
Jhopeပြောပြီးအသေရီနေသည်။Jinကရုတ်တရက်သူ့ကိုလှမ်းဆွဲကာနှုတ်ခမ်းကိုနမ်းလိုက်သည်။jhopeအစကကြောင်အနေသည်။နောက်တော့jinကဖယ်ခွာရင်း
"Hopeလေး.....Hopeလေးလာထိတာကြောင်မဟုတ်ဘူးကျားနော်....ကိုယ့်ကိုစားဖို့ကြံနေရင်ကိုယ်ကပြန်စားလာမှာကိုကာကွယ်ထားသင့်တယ်"
Jinမဲ့ပြုံးလေးနဲ့ပြောကာjhopeပါးလေးကိုလက်နဲ့ညစ်ကာ
"Hopeလေး...ဉာဏ်သုံးတတ်ရတယ်။ကိုယ့်လိုjiminကိုတစ်ဘဝလုံးလှည့်စားလာတဲ့သူကမင်းအကြံကိုမသိဘူးထင်တာလား...."
"Ji...jimiကိုဘာလှည့်စားတာလဲ"
"ကိုယ်ကသူ့ကိုclubမတက်ဖို့မိန်းမတွေနဲ့မအိပ်ဖို့တားတယ်။ကိုယ်ကလည်းတကယ်တော့....Playboyတစ်ယောက်ပဲ..."
Jhopeကြောင်အနေသည်။သူလိုချင်ခဲ့တာချစ်စရာကြောင်လေးပေါ့....ခုတော့သူကကြောင်ဖြစ်နေပြီ။ချစ်တော့ချစ်တယ်။ဒါပေမယ့်Bottomတော့မထိုင်ချင်....
"ကျနော်Topပဲနေချင်တယ်"
"ရတယ်....ridingပဲရလောက်မယ်baby....😣"
Jhopeစိတ်ညစ်သွားသည်။jinကိုဒီလိုပုံမှန်းလုံးဝမထင်....ရိုးအေးတော့လူပျိုကြီးလို့ပဲတွေးထားတာ....ခုတော့ပါတော့မယ်။
"လောင်းကစားတွေလျော့...လူလိမ္မာလေးဖြစ်အောင်ကြိုးစားပါဦး.....လိမ္မာရင်Hopeလေးအတွက်ကြီးပဲ....ကြားလား"
Jhopeနှာခေါင်းကိုလက်နဲ့ဖွဖွညစ်ကာပြောတော့jhopeရှက်သွေးဖြာသွားသည်။ဒီလူကမထင်မှတ်လောက်အောင်ဆွဲဆောင်မှုပြင်းလိုက်တာ
YOU ARE READING
MY PREGNANCY (Complete)
RomanceJiminရဲ့မိုက်မဲမှုကြောင့်မတော်တဆကိုယ်ဝန်ရသွားတဲ့Yoongi..... တာဝန်အရလက်ထပ်ခဲ့တဲ့JiminကရောYoongiပေါ်ချစ်ပါ့မလား.....