Yoongiကျောင်းရှေ့မှာစောင့်နေပေမယ့်Jiminကလာမကြိုသေး။ဒေါသထွက်ချင်လာသည်။သူပဲလာကြိုမယ်ပြောတာလေ....ဖုန်းဆက်တော့လည်းဖုန်းမကိုင်။Jhopeကလည်းပြန်နှင့်ပြီ.....
"ဟေ့ကောင်လေး......Jhopeကိုသိလား"
လူလေးယောက်လောက်သူ့ဘေးလာကာမေးတော့Yoongiခေါင်းငြိမ့်ပြရင်း
"ဟုတ်...သိတယ်။ကျနော့်သူငယ်ချင်းပါ"
"အဲ့ကောင်ငါကိုပေးစရာပိုက်ဆံရှိတယ်။သူမပေးဘူးဆိုတော့မင်းပေး"
"ကျနော်ကဘာလို့ပေးရမှာလဲ...ပိုက်ဆံမရှိဘူး"
Yoongiခပ်စွာစွာအော်လိုက်သည်။ပေးစရာရှိလို့ရှိရင်တောင်ကူညီပေးဦးမယ်။သူကအခုအပေါ်ဆီးကပေးဖို့လာတောင်းနေတာဒါမျိုးတော့မခံဘူး
"မပေးရင်ငါတို့နောက်လိုက်ခဲ့"
"ဘာလို့လိုက်ရမှာလဲ"
Yoongiအော်ပြောလိုက်တော့ထိုလူထဲကတစ်ယောက်ကသူ့လက်ကိုဆွဲနေတယ်။Yoongiကသူ့လက်ကိုဆဲဲပီးသူ့ကိုခေါ်သွားဖို့လုပ်နေတာကြောင့်
"ဖယ်ပေးလို့ပြောတယ်မလား....ငါရဲတိုင်မှာနော်"
"မင်းကိုလွှတ်ပေးရအောင်ငါကအရူး....အား..."
စကားပင်မဆုံးသေးမျက်နှာထက်ရောက်လာတဲ့လက်သီးပြင်းပြင်းကထိုလူကိုလဲကျသွားစေသည်။
"ဘာလို့သူ့ကိုထိတာလဲ....သေချင်နေတာလား"
Jiminအော်ပြောရင်းထပ်မံထိုးတော့ကျန်တဲ့သူတွေကပါJiminနဲ့4ယောက်1ယောက်ဖြစ်လာတယ်။တိုက်ရည်ခိုက်ရည်ရှိတဲ့4ယောက်နဲ့မို့Jiminအနည်းငယ်ဒဏ်ရာရသွားသည်။ဒါပေမယ့်လူ4ယောက်ကဒဏ်ရာတွေနဲ့လဲသွားသည်။
"လာYoongi....."
Yoongiလက်ကိုဆွဲခေါ်သွားရင်းကားဆီဦးတည်လိုက်သည်။ကားပေါ်တင်ကာကားကိုအရှိန်နဲ့မောင်းထွက်လာသည်။
"ခဏရပ်ဦး...."
Yoongiကကားမောင်းနေတာကိုရုတ်တရက်ရပ်ခိုင်းတော့jiminကြောင်သွားသည်။
"ဘာလုပ်မို့လဲ"
"မင်းမျက်နှာမှာဒဏ်ရာတွေနဲ့ဆေးဝင်ဝယ်ရအောင်"
YOU ARE READING
MY PREGNANCY (Complete)
RomanceJiminရဲ့မိုက်မဲမှုကြောင့်မတော်တဆကိုယ်ဝန်ရသွားတဲ့Yoongi..... တာဝန်အရလက်ထပ်ခဲ့တဲ့JiminကရောYoongiပေါ်ချစ်ပါ့မလား.....