Yoongiဗိုက်က8လထဲတောင်ရောက်လာပြီ။ပူနေတဲ့ဗိုက်လေးကjiminအတွက်အသည်းယားစရာဖြစ်နေသည်။Yoongiကသူ့ဗိုက်ကိုအရမ်းဂရုစိုက်သည်။သမီးလေးမို့Jiminကအချစ်ပိုရသည်။
"Yoongi....ချစ်တယ်နော်"
"သိပါတယ်ဆို.....ဘာဖြစ်နေတာလဲ"
Yoongiခပ်ရွဲ့ရွဲ့ပြောကာတွန်းထုတ်လိုက်သည်။ဟုတ်တယ်လေ.....Yoongiကဖုန်းကိုင်နေတာကို။
"Yoongiကလည်းကွာ....ကိုယ့်ကိုဂရုမစိုက်ဘူးလား"
"မစိုက်ဘူး"
"မချစ်ဖူးပေါ့..."
"ချစ်ပေမယ့်ဂရုတော့မစိုက်နိုင်ဘူး.....မအားပါဘူးဆို....စာဖတ်နေတယ်"
"ဖုန်းကိုင်ပြီးဘာစာဖတ်တာလဲ"
Jiminခပ်ရွဲ့ရွဲ့ပြောရင်းYoongiဖုန်းကိုချောင်းကြည့်တော့yoongiကကွယ်လိုက်တယ်
"အသိပညာရတဲ့စာတွေ"
Jiminကဘာမှမပြောပဲသူ့လက်ထဲကဖုန်းကိုဆွဲကြည့်လိုက်သည်။စာတွေတော့စာတွေပဲ....
"ပြန်ပေးကွာ......"
Yoongiပြောရင်းပြန်လုတော့JiminကYoongiကိုကာရင်းစာတွေဖတ်ကြည့်လိုက်သည်။
"Yoongi....ယောက်ကျားနှစ်ယောက်အတွက်လိင်ဆက်ဆံရေးတွေလား......ဘာလို့ဖတ်နေတာလဲ"
Jiminမေးတော့ဖြန်းခနဲရဲတက်သွားတဲ့မျက်နှာနဲ့အတူခေါင်းလေးပါကွယ်ဝှက်ကာ
"ငါဖတ်တာမဟုတ်ဘူး.....သူ့ဘာသာပေါ်လာတာ"
Jiminသဘောပေါက်သွားကာရီလိုက်ပြီး
"ဟုတ်လား....ဒီအသိပညာကမလိုဘူးထင်တယ်။ကိုယ်ရှိတာပဲကို....."
"မင်း.....ဖုန်းပြန်ပေး....အယုတ်တမာ...."
"ဘာလို့ဆဲနေတာလဲရှက်ရမ်းရမ်းပြီး"
"ဘယ်သူကရှက်ရမ်းရမ်းတာလဲ....မင်းသာအရူးကောင်....ငါဘာသာဘာဖတ်ဖတ်မင်းနဲ့ဆိုင်လား.....ငါဖတ်တယ်ဆိုတာလည်း.....ပျင်းလို့စာလိုက်ဖတ်ရင်းမတော်တဆပေါ်လာတာ....."
Jiminလည်းရီကာYoongiလက်ထဲဖုန်းပြန်ပေးလိုက်သည်။Yoongiကတော့ဆူပုတ်ပုတ်နဲ့သူ့ဘေးနားကထသွားသည်။
"ကိုယ်လည်းကိုယ်ဝန်နဲ့မို့ရှောင်နေတာ....ကိုယ်ဝန်သာမရှိရင်Yoongiညအိပ်ရမယ်မထင်နဲ့....နေ့လည်းမအိပ်ရဘူး"
YOU ARE READING
MY PREGNANCY (Complete)
RomanceJiminရဲ့မိုက်မဲမှုကြောင့်မတော်တဆကိုယ်ဝန်ရသွားတဲ့Yoongi..... တာဝန်အရလက်ထပ်ခဲ့တဲ့JiminကရောYoongiပေါ်ချစ်ပါ့မလား.....