( warning 20+ ) Rated M 🔞
••°°••'
❄ Yuwin 🌃✨
^^*^^
" ရူးနေတာ သူက ရူးနေတာ ''
" ရူးတော့မှာပေါ့.. သူ့ကောင်လေးကို သူ ကိုယ်တိုင် သတ်လိုက်တာလေ ''
" သူက ရူးယောင်ဆောင်နေတာမဟုတ်လား ''
" သူ့ လုပ်ငန်းက ဘယ်သူ ဆက်လုပ်မှာလဲ ''
" ဝန်ထမ်း က သောင်းနဲ့ချီ ခန့်ထားတာဆို ''
အခန်းထောင့်.. အေးစက်၍ မှောင်မိုက်သည်။
သို့တိုင် လ ရောင် အနည်းငယ် သွေးသော အလင်းဖျောက်က သူ့ ကိုယ်ပေါ် ကျရောက်နေဆဲပဲ။ သူ ကြောက်လန့်နေသည်။ မဟုတ်ဘူး သူ့မှာ ကြောက်လန့်တတ်တဲ့ နှလုံးသား မရှိဘူး ။ သူက သေလူလို ဖြစ်နေပြီတဲ့။ တကယ်တမ်း.. သူ တကယ်ရော.......ရူးနေလို့ အရူးထောင် ရောက်နေတာ သေချာလို့လား?
သန်းကြွယ်သူဌေး..ဒီ နယ်မြေမှာ သူ့လို လူငယ်သာသာ အရွယ်နဲ့ မိဘ အရိပ်မဲ့စွာ ရပ်တည်ဖူးတဲ့ သူဌေးမျိုး မရှိဖူးဘူး။ သူက သူ့လက်ထဲက '' ပွင့်ချပ်'' တစ်ခုမျှနဲ့ လောကကြီး တစ်ခုလုံး မက ဒီအနတ္တ စကြာဝဠာဟာ သူ့အပိုင်လို မော်ကြွားနေနိူင်ခဲ့တဲ့ လူ။ အခု..သူ....
သူ့ရဲ့ ပွင့်ချပ်လို နှင်းစက်ကလေးဟာ လောက ကြီးက ပျောက်ကွယ်သွားပြီတဲ့!
ဟုတ်လို့လား ဟုတ်ရဲ့လား ဘယ်သူမှတောင် မသိဘူး။ ဒီအကြောင်းအရာတွေကို သိတာဆိုလို့ သူ ကိုယ်တိုင် ပဲ ရှိတာတဲ့။ ဒါပေမဲ့ ရိုက်စစ်တာတောင် ထွက်မလာဘူး။ နောက်ဆုံး အရူးထောင် က အရူးအချင်းချင်းတောင် ကဲ့ရဲ့ခံနေရတာ။ သူ ရူးနေတယ်ဆိုတာလည်း တလောကလုံး က မယုံကြဘူး။' နာ ကာ မို တို ယု တ '
" ဒယ်.. ဒယ်ဒီ ''
" အားးးးးးးးးးး ''
စူးရဲသော အသံဟာ ညည့်နက်တိုင်း သူ့၏ ၆ထပ်မြောက် အခန်း.. ညာဘက်စွန်း မှ ညစဥ် အော်ဟစ်သံများ အပြည့်နှင့်။ သူ မကြားနိူင်ဘူး ။ သူ မမြင်နိူင်ဘူး။ အဲ့ ကလေးလေးရဲ့ အပြုံး ။ စကြာဝဠာ တစ်ခုလုံး သူ့ကလေးလေးလို ပြုံးတတ်တဲ့လူ မရှိဘူး တဲ့။ ပြီးတော့ မရှိစေရဘူး ဆိုလား။ တခစ်ခစ် ရယ်သံ လေး ပျံ့လွင့်လာရင် သူ့မှာ အခန်းကျယ်ထဲ နေစရာမရှိအောင် ပုန်းရှောင်ပြီး ဒူးနှစ်ဖက်ကို ပိုက်၊ ခေါင်းကို ထိုဒူးကြားထဲ ကွယ်ပြီး နေရတာ။ သူ အသက်မဲ့သူလို အော်နေရတာ။ သူ အဲ့အသံကို အရမ်းမုန်းတာ။ ခေါ်သံ တစ်ခု။ ညင်သာစွာ ခေါ်သံလေး တစ်ခုကို သူ ရူးမတတ်ကြောက်တာ။ ဒီလိုဆိုမိတော့ သူက မရူးရသေးတဲ့ လူလား။ မသေချာပါ။ သူ ရူးပြီးပါပြီတဲ့။
