Daddy - 5

138 9 0
                                    

••°°••'

❄ Yuwin 🌃✨

^^*^^

" Winwin ရေ ဒုက္ခပဲ~ ငါ့ကို ဒီလူကြီးက လွှင့်ပစ်တော့မယ်ထင်တယ်!!! "

" ဘေဘီ ဘယ်သူ့ အသံလဲ? "

" ဝင်းဝင်း သူငယ်ချင်း အသံ ဒယ်ဒီ.. သူရောက်လာပြီထင်တယ် "

ဧည့်ခန်းမှာ နှစ်ယောက်သား ကော်ဖီသောက်နေကြတုန်း အိမ်ရှေ့ဘက်မှ အသံကြောင့် ဝင်းဝင်း ကပြာကသီဖြစ်သွားတော့ ယုတ ပါ သူ့ကောင်လေးနောက်က အပြေးလိုက်ရသည်။ နယုတ ဆီမှ ခွင့်ပြုချက်ရ၍ သူ့သူငယ်ချင်း tenကို အိမ်ခေါ်ထားခြင်းဖြစ်သည်။ ten ရဲ့ ဟိုသွားရင် ဒီရောက်ဟူသော ကလေးဆန်သော အကျင့်ကြောင့် အိမ်က ကားမလွှတ်သေးခင်ပင် သူက အရင်ရောက်လာခြင်းဖြစ်သည်။ ဝင်းဝင်းတို့ အိမ်ရှေ့နားရောက်တော့ တရစပ် ပြောဆို အော်ဟစ်နေသော ကောင်လေးက အိမ်တော်ထိန်းဂျော်နီ၏ ပုခုံးပေါ်တွင် ရုန်းကန်ပြီး ပါလာသည်။ ဂျော်နီ၏ အရပ်အမောင်း အရွယ်အစားကြောင့် ပုခုံးပေါ်က tenကို လက်တဖက်နဲ့ ခါးကိုဖိကိုင်ထားရုံတင် ရုန်းလို့မရဖြစ်နေသည့် အနေအထား။

" Johnny လွှတ်လိုက်.. အဲ့ဒါ ဘေဘီ့သူငယ်ချင်း "

" သခင်လေးမှာ ဘယ်တုန်းက သူငယ်ချင်း ပေါ်လာတာလဲ?? "

ယုတ ပြောတော့မှ ပုခုံးပေါ်က အတော်အတန်သာလေးသော အဝတ်ထုတ်ကို ချသလို tenကို ချပေးလိုက်သည်။ ဒေါပွနေဆဲ tenကတော့ သူ့ဗိုက်ကလေး ပွတ်ကာပွတ်ကာနဲ့ ဆူပုတ်၍ ဂျော်နီကို စောင်ကြည့်ကာ ဝင်းဝင်းရှေ့ ငိုမဲ့မဲ့ရုပ်ကလေးဖြင့် ပြေးကပ်လာ၏။

" sorry hyung ကျနော် ပြောပြမထားမိတာ.. ကျောင်းက သူငယ်ချင်းပါ.. ဒယ်ဒီနဲ့ မိတ်ဆက်ပေးဖို့ ခေါ်ထားတာ "

" ပြောသားပဲ သူငယ်ချင်းပါဆို အရွယ်ကြီးတိုင်း အနိူင်ကျင့်လိုက်တာ! "

" သေးသေးလေးက ဆူညံနေတာလည်း ထည့်ပြောလေ.. ဒါဆို သူဌေး အချိန်နောက်ကျမှ ထွက်လာဖြစ်မယ်လို့ အတွင်းရေးမှုးကို အကြောင်းကြားထားရမလား? "

" ရတယ် အချိန်ရွှေ့လို့ မဖြစ်ဘူး.. ပန်းချီဆွဲကြဖို့တဲ့.. စားချင်လောက်မှာတွေ စီစဥ်ပေးပြီး သက်တောင့်သက်သာ နေလို့ရအောင် လုပ်ပေးထားလိုက်ပါ "

Darkness ( #Yuwin - NCT )Where stories live. Discover now