Daddy - 4

110 7 0
                                        

••°°••'

❄ Yuwin 🌃✨

^^*^^

ကျောင်းသားသစ်။ အခုမှ စ.တက်ကြတဲ့ အတန်းက အတူတူတွေပဲ။ ကျောင်းသားသစ် ဆိုပြီး နာမည်ကြီးနေတာက အခြားအကြောင်းရှိတယ်။ ဒီကောင်လေးက အထက်တန်းကို ရိုးရိုးကျောင်းကနေ ပြောင်းပြီး private ကျောင်းက အထက်တန်း ပြီးခဲ့တာ။ သူက အခြား ခလေးတွေလို လူသိရှင်ကြား ကျောင်းတက်ခဲ့တာ မဟုတ်ဘဲ ဘွဲ့ရခဲ့တာလေ။ ကျောင်းဆက်တက်ပြီ ဆိုမှသာ ကောလဟာလ အချို့ကြောင့်နဲ့ အနုပညာကျောင်းကို ဒီကောင်လေး ရောက်လာမှန်း သိကြတာ။ သိတာနဲ့ တစ်ပြိုက်နက်လည်း မျိုးရိုးနာမည် မပါ၊ မိဘ နာမည်မရှိ၊ ဒီ့အပြင် အုပ်ထိန်းသူ နေရာက လက်မှတ်သည်က လုပ်ငန်းများစွာနဲ့  နာမည်ကောင်း နာမည်ကြီးနေသည့် ဒိတ်ဒိတ်ကြဲ သူဌေး 'နာကာမိုတို' ဆိုတဲ့ အကြောင်းကို တစ်ကျောင်းလုံးမှာ ပြန့်နှံ့နေ၏။ နာယုတ ကိုယ်တိုင် ကျောင်းကို လာခဲ့၍ မဟုတ်ပါ။ အတွင်းရေးမှုး ပဲ လာသွားခဲ့တာ။ လာတာနဲ့လည်း ကောလဟာလတွေက ထွက်နေခဲ့တာ။ ဝင်းဝင်းကတော့ မသိပေမယ့် သူ ကျောင်းဝန်းထဲ ကားအနက်ရောင် တစ်စီးထဲက ထွက်လာတာနဲ့ အကုန်ပါးစပ်အဟောင်းသား ဖြစ်နေကြခြင်း ။

" Nawin Group ရဲ့ သခင်လေး လေ သူက..
မိုးကျရွှေကိုယ်ဆိုတာ ဒါမျိုးနေမှာ ''

" သူဌေးရဲ့ အချစ်တော်တဲ့.. သူ့ဘဲကြီးက လူကြည့်တာတောင် မကြိုက်ဘူးဆိုပဲ! ''

" အမလေးးချောလိုက်တာဟယ်! ငါ့ကောင်လေး သာဖြစ်ရင်.. သူ့ဘဲကြောင့် လူမသိသူမသိ အသတ်ခံရမလား!?''

" မှုံနေအောင် လှတော့လည်း ပုတ်ပြီပေါ့..
ငါဆိုလည်း ဖွက်ထားမှာ!! ''

" သူက ဒါဆို လက်ထပ်ပြီးသားပေါ့.. ငယ်ငယ်လေးနဲ့ အနာဂတ်ပါ စိုးရိမ်စရာမလိုဘူး ကောင်းလိုက်တာ!! "

" သတင်းထဲက ပုံထက်တောင် ကြည့်ကောင်းသေးတယ်.. အရပ်လည်း အရှည်ကြီးပဲ.. သူက ဝတ္ထုထဲက ခုန်ထွက်လာတာလား!! "

ကျောင်းဝန်းထဲ မေဂျာအတန်းဆီ အသွား လမ်းတစ်လျှောက်လုံး ကြားလာရတဲ့ တီးတိုးသံတွေကြား ဝင်းဝင်းကတော့ မသိဟန်ပြု၍ လျှောက်လာခဲ့၏။ ကျောင်းမှာ လူသူမရှိစဥ် သက်တော်စောင့်နဲ့ တစ်ခေါက် လာကြည့်ထားဖူးတော့ အတန်းတက်ရမယ့် လမ်းကိုတော့ သူ မှတ်ထားပြီးနေပြီ။ မကောင်းတာတွေ အများကြီး ကြားရမယ်လို့ ကြိုပြင်ဆင်လာခဲ့ပေမယ့် ဘေးက ဖြတ်သွားသမျှနဲ့ ရပ်ကြည့်နေကြသူများက ဝင်းဝင်း၏ လမ်းလျှောက်လာတဲ့ ပုံစံနဲ့ မျက်နှာမှာပင် မျောနေကြသူက များ၏။ ချောလို့လှလို့ အမြဲ ပြသနာတွေပဲ ရင်ဆိုင်ခဲ့ရတဲ့ သူ့မျက်နှာလေးက ဒီတစ်ခါမှာတော့ ကံကောင်းထောက်မစွာ အဆင်ပြေသွားသည်။ အများသူတွေ ဝတ်ကြသလိုပဲ ထူးခြားစွာ ဝတ်မလာသော်လည်း သူဝတ်နေကျ ဂျင်းအပြာအကြပ်နဲ့က ပိန်သွယ်သော်လည်း ပြေပြစ်ကျနတဲ့ ခန္တာကိုယ်အချိုးအစားကို ပေါ်လွင်စေပြီး ခြေတံရှည်တွေနဲ့က မြင့်မားသော အရပ်ကို ပိုမိုကြည့်ကောင်းစေ၏။ အပေါ်ထပ်ဝတ်ထားသော long coatက နီညိုပြေပြေလေး ဖြစ်ပြီး ခါးမှ ကြိုးစ တဖက်တည်းချထားသည့် ဒီဇိုင်းသည် ဒီရာသီမှ ထုတ်လုပ်ထားသော limited edition ဆိုတာ သိသာနေသည်။ အပေါ်မှ ဆွယ်တာ ပန်းနုဖျော့ဖျော့လေး ဝတ်ထားသည်ကလည်း ပိုးနှင်းဖက်လေး လွင့်နေသည့်နှယ်။ ပုခုံးတဖက်မှာတော့ ကျောပိုးလွယ်အိတ် အနက်ရောင်စိုစိုအား ကြိုးတဖက်တင်ကာ လွယ်ထား၏။ သူဝတ်ထားတဲ့ တန်ဖိုးတွေလည်း သူမသိသလို၊ သူ့ရဲ့ လှပလွန်းသော ပုံစံအနေအထားသည် မိန်းကလေးရှုံး၍ ခန့်ညားပြည့်စုံမှုကလည်း ယောကျာ်းလေးချင်းတောင် ငေးယူရသည်ကိုလည်း သူမသိပါ။

Darkness ( #Yuwin - NCT )Where stories live. Discover now