••°°••'
❄ Yuwin 🌃✨
^^*^^
" Dong Si Cheng! "
ဒီနေ့ကတော့ တကယ်ကို မိုးမီးလောင်တဲ့ နေ့။
မနက်ခင်း အစည်းအဝေးကနေ အိမ်ကို တန်းပြန်လာလေ့မရှိသော နာကာမိုတိုသည် ဝင်းဝင်း၏ နာမည်အရင်းအား တောဘုရင်တို့၏ မြည်ဟိန်းသံ အလား အော်ခေါ်၍ တိတ်ဆိတ်နေသော စံအိမ်ထဲ ဝင်လာသည်။ အိမ်တော်ထိန်းက ပြေးထွက်လာပြီး ဝင်းဝင်းကို ခေါ်ပေးမည့် အကြောင်းပြောသော်လည်း သူကိုယ်တိုင် ဝင်းဝင်း ရှိရာကို သွား၏။ ၃ထပ်မြောက်တွင်ရှိသော ဝင်းဝင်းဆီ အတက်.. ပုံမှန်သွားနေသော ဓာတ်လှေကားကိုတောင် သူက ရန်မူနေသေးတာ။ ဒီနေ့ အစည်းအဝေးအပြီး ဧည့်သည်ရှိနေသည်က ဝင်းဝင်း အကြောင်းဖြစ်နေ၍ လက်ခံတွေ့သော်လည်း အကြောင်းက အကောင်းဟုတ်မနေခဲ့ပါ။ ကိုယ်တိုင်လည်း မဟုတ်ဘဲ စာက တစ်ဆင့် ဝင်းဝင်း၏ ဖခင်အကြောင်းက ပါလာသည်။ ဒီထက် ပိုဆိုးသည်က.. !" ဒယ်ဒီ? အစောကြီး ပြန်လာပြီလား? "
" မင်းအဖေနဲ့ အဆက်အသွယ် ရနေတာလား ''
" ပါပါး? မရပါဘူး.. ဝင်းဝင်းဆီ စာလည်းမလာ.. ဖုန်းကလည်း ဒယ်ဒီနဲ့အတူ သုံးနေတာပဲကို ''
" ဒါဆို ဒါက ဘာလဲ! "
" ခဏလေးနော် ဒယ်ဒီ.. ဝင်းဝင်း ဒါလေး မပြီးသေးလို့ .. ''
ဝင်းဝင်း ထိုင်နေတဲ့ ကြမ်းပြင်ခင်းပေါ် ယူလာသော စာအုပ်ဗူးကို သူ ပစ်ချလိုက်သည်။ ပန်းအိုးလေးတွေ စိုက်ထားတာမို့ လက်တဖက်က ဆေးဖျန်းနေလက်စ ငုတ်တုတ်လေး ထိုင်နေတဲ့ ခလေးက အပြူးသားလေး နာကာမိုတိုကို မော့ကြည့်၏။ ထူးထူးခြားခြား တစ်ခါမှ နယုတ က သူ့အပေါ် စိတ်တိုနေတာမျိုး မကြုံဖူးတော့ ပါးစပ်လေးပင် အနည်းငယ် ဟ.နေသယောင်။ လက်တဖက်က ပန်းပင်ရဲ့အရွက်လေးနှင့် တဖက်က စပရေးဗူးလေးကို လက်က မချမိသေးဘဲ ကြောင်တောင်တောင်လေး ဖြစ်နေ၏။ နာကာမိုတို က သူပေးတာကို အလန့်တကြား မဟုတ်ရင်တောင် တစ်ခုခုကို အားတက်သရော ကြည့်မည်ဟု ထင်နေသည်။ ဝင်းဝင်းက အေးအေးဆေးဆေးသာ သူ့လိပ်ပြာ သူလုံသောကြောင့် အမှုမထားဘဲ နေနေ၏။ စိတ်တိုနေတာကို ဝင်းဝင်းရဲ့ အေးဆေးနေပုံက ပိုပြီး နှိုးဆွပေးသလို ဖြစ်လာသည်။ သူ အရမ်း ဒေါသ ထွက်လာနေပြီ။ စိတ်ရှိတိုင်း တစ်ခုခုအား ရိုက်ခွဲလိုက်ချင်စိတ်တွေသာ စိုးမိုးလာနေသည်။ သို့သော် ရှေ့က ရှိနေသော တစ်ခုတည်းသော အရာက သူ့ကောင်လေး ဖြစ်နေသောကြောင့် မရမက စိတ်တင်းပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားရ၏။