••°°••'
❄ Yuwin 🌃✨
^^*^^
" ဒီအိမ်က ဝန်ထမ်းတွေ အကုန် ငါ့ကောင်လေးကို ကြည့်တာနဲ့ ဘာဖြစ်မယ် လို့ ပြောထားလဲ ဆိုတာ မသိဘူးလား!! "
မနက်စောစောစီးစီး ဒုတိယမြောက် အထပ် အလယ်တည့်တည့် လှေကားမှ နာကာမိုတို မတ်တပ်ရပ်နေပြီ ဆိုရင် အိမ်အတွင်း မည်သူမျှ ငုံ့ထားသော ခေါင်းကို ဖော်မကြည့်ရဲကြပါ။ ဝန်းထမ်းအားလုံး အသီးသီး အပြေးအလွှား ရောက်လာကြပြီး ခေါင်းငုံ့ကာ တန်းစီ၍ အောက်ဆုံးအထပ် မျက်နှာစာ အနက်ရောင်ခင်းသော ကြွေခင်းထက်တွင် ရပ်နေကြသည်။ အိမ်တော်ထိန်းသည်တော့ ကျယ်ဝန်းသော လှေကား၏ အလယ်တွင် ရပ်ကာ နာကာမိုတို မိန့်ဆိုတဲ့အတိုင်း ဘေးတွင် အပြစ်ရှိနေသူ ဝန်ထမ်းအား ခေါ်ထားရ၏။ ထိုဝန်ထမ်းသည်ကား မနက်ပိုင်း ဝင်းဝင်းလေး ရှိနေရာ မနက်စာ စားခန်းအဝ သို့ ဝင်မည်အပြု နာကာမိုတို နဲ့ တည့်တည့်တိုးခြင်းသာ။
" အိမ်တော်ထိန်း.. ဘယ်လို လူရွေးပြီး ခန့်ထားတာလဲ? ဒါတွေ အကုန်မရှင်းပြထားဘူးလား? ဒါဘာလဲ သူရှိနေတဲ့ အခန်းဝ အထိ ရောက်လာတဲ့ ကောင်က ဒီစည်းကမ်းတွေ မသိဘူးလား?? "
' ကျစ် 'ကနဲ နားထင်ကို ဖိ၍ မျက်လုံး တခဏ မှိတ်လိုက်ပုံအရ ဒေါသထွက်ခြင်းရဲ့ အထွတ်အထိပ် ရောက်နေသည်ဆိုတာ သေချာ၏။ လှေကားဘောင်အား အားပြု၍ လက်သလုံးနှစ်ဖက်အား တင်ကာ မျက်ထောင့်နီနီဖြင့် ကြည့်နေသောကြောင့် ဝန်ထမ်းအားလုံး ဆက်ဆက်တုန်နေကြသည်။ ဒီလိုနဲ့ သူ့ကောင်လေးကို ငေးမိရင်း ကြည့်မိတိုင်း အလုပ်ထုတ်ခံရတဲ့ ဝန်ထမ်းပေါင်း မနည်းတော့ပေ။ အထုတ်ခံရရုံက ဘာမှမဖြစ်ပေမယ့် စာချုပ်ရှိနေတဲ့ ဝန်ထမ်းဆိုရင် ပြစ်ဒဏ်တစ်ခုခု မပြီးဆုံးဘဲ ပေးအလုပ်မထုတ်တတ်သောကြောင့်ဖြစ်သည်။ စီနီယာတိုင်းက သင်ကြားပေးသွားရသည့် စနစ် လေ့ကျင့်ပေးထားခြင်းကြောင့် ငယ်သား အပြစ်ရှိလျှင် စီနီယာဝန်ထမ်းအထိ မလွတ်မြောက်ပါ။ ထို့အပြင် ဝင်းဝင်းနဲ့ ပက်သက်သော စည်းကို ကျော်မိလျှင်တော့ ပြသနာက တစ်နေ့နဲ့မပြီးအောင် ဆက်တတ်လေ့ရှိ၏။
" သူက အသစ်မို့လို့ပါ သူဌေး.. ကျွန်တော် ချက်ချင်း အလုပ်ဖြုတ်လိုက်ပါမယ် ''