မိုးလဲကုန်လို့ ဆောင်ကူးပြီး
ချစ်ဦးရေ.....ရင်ခွင်ငယ်လေးလဲ မနွေးထွေးတော့
ခြေဖျား လက်ဖျားလေးတွေဟာ
အေးစက်လို့............................
ည ၇ နာရီအိမ်ပြန်လမ်းလေးဟာ
မိုးလေး တဖွဲဖွဲရယ်...
နားကြပ်တစ်ဖက်ရဲ့ သီးချင်တအေးအေး
လေးကသံဇဥ်ကိုလိုက်ဆွေးနေပြီး
လမ်းဘေးရဲ့
ပလပ်ဖောင်းဘေးမှာ အသက်မပါဘဲ
လှမ်းလျှောက်တော့ ငါ့ဖြေဖျားထိပ်တွေလဲ
ကျင်လို့..အနက်ရောင်ထီးကလေး ဘေးကို
ဆွဲချကာ...
မျက်မျက်ပြင်ပေါ်ကျရောလာမဲ့
မိုးစက်တွေကြား ငိုပစ်ချဖို့ အဆင်သင့်
ဖြစ်နေသလိုသေလိုစိတ်တွေတော့ မရှိပေမဲ့ ပျောက်ကွယ်သွားဖို့သာဆန္ဒပြုမိသည်......
ဒီနေ့တော့ ဂရုစိုက် ပြန်ပါနော်လို့
ပြောမဲ့လူ မရှိတော့....
ငါဟာ ပေေပတေတေနဲ့ရယ်.....လက်ထဲဆွဲထားသော
လက်ယာမပျက်သေးတဲ့ ထမင်းချိုင့်လေး
တစ်ယောက်သော သူသိပ်ကြိုက်တတ်သော
ဟင်းတွေလဲ အေးစက်နေရောပေါ့....မြို့ပြရဲ့ မာကျူရီမီးဝါရင့်ရင့်
အောက်က မိုးစက်တွေ
ကို ခဏတာငေးမောကြည့်လိုက်တယ်...
မီးရောင်အရှေ့မှာ သူတို့က သိပ်လှပခဲ့တယ်
မြေပြင်ပေါ်မကျရောက်ခင်အထိပေါ့...
ညခင်းရဲ့အလှအပက်ို ဆက်မြင်နိုင်
တော့တဲ့အထိ မျက်ဝန်းမှ မျက်ရည်တွေ
ပြန်နက်နေခဲ့တာ....
ဒီနေ့မှ ဘတ်စကား မမှီးပါလား...
မဟုတ်တာ...
မှတ်တိုင်မှာ ဘတ်စ်ကား
တစ်စီးပြီး တစ်စီး ရပ်သွားတာကို
သတိမထားတဲ့အထိ အတွေးလွန်နေခဲ့တာ..
.............လွန်ခဲ့သော ၁နှစ် ကျော်ခန့်.
" ဟေ့လူ ခဗျား ဆေးလိပ်သောက်
အရင် အပြင်ထွက်သောက်ဗျ.... "ကျောင်းသန့်စင်ခန်း တစ်ခုမှာထဲမှာ
လက်တစ်ဖက်က
ကြမ်းပြင်တိုက်တဲ့ တံမြက်ဆီးကိုင်ထား
ပြီး ကျန်တစ်ဖက်က
နှာခေါင်းကိုလက်နဲ့အုပ်ကာယအော်ပြောလိုက်တဲ့ လူငယ်ကလေးရယ်
YOU ARE READING
ရင်မှာ ပျိုးတဲ့ ဆူး,ရင္မွာ ပ်ိဳးတဲ့ ဆူး
Action မောင်က အသက်မဲ့တဲ့စက္ကူ ငှက်ကလေးဆိုရင်တောင် ကျွန်တော် က လှောင်အိမ်ထဲ ဖမ်းထည့်ထားမှာ.......! ခူးဆွတ်မောင်... ( ခူးခူး..)(uke) မာန်မင်းမောင်(seme) မောင်က အသက်မဲ့တဲ့စက္ကူ ငှက်ကလေးဆိုရင်တောင် ကျွန်တော် က ေ...