မောင်က အသက်မဲ့တဲ့စက္ကူ ငှက်ကလေးဆိုရင်တောင်ကျွန်တော် က လှောင်အိမ်ထဲ ဖမ်းထည့်ထားမှာ.......!
ခူးဆွတ်မောင်...
( ခူးခူး..)(uke)
ခူးဆွတ်မောင်...
( ခူးခူး..)(uke)
.........
ကောင်းကင်ပေါ်က
တိမ်စိုင်တွေကိုအားကျတယ်....
ထုထည်တွေက ရင်နင့်အောင်မဆံံ့လာ
တဲ့အခါ ရွာချပစ်မယ်ပြီးရင်
လွှင့်ပျောက်ကွယ်သွားမယ်......
ထပ်ချည်နှောင်ဖို့ အိမ်မက်ကလေးကတော့
ဝေးသတဲ့ဝေးလို့ရယ်........................
ကန်တော်ကြီး ရဲ့
ရေမျက်နှာပြင်ဟာ ယူကလစ်
ပန်းအကြွေတွေ အကြွေ ပန်းတွေက
ပြန့်ကျဲလျှက်.......
အပင်ရိပ်အောက်မှာ
အပြာရောင် နဲ့အဖြူရောင် တစ်လှည့်စီ
ဆေးချယ်ထားတဲ့
ခုံ တန်းလျားလေးလေးပေါ်
လူငယ်လေးနှစ်ဦးရှိနေကြသတဲ့.....ဒီနေ့လေးဟာ နေသာခဲ့သလို့
လေပြေတွေလဲ သာယာခဲ့သတဲ့..
လေရူးသံလေးတွေနဲ့ သစ်ရွက် လှုပ်ခတ်သံ
တွေလဲ မြိုင်ခဲ့လေတယ်.........ဒီလိုနေ့မျိုးလေးမှတဲ့ကွယ်.....
ပုပုလုံးလုံးနဲ့ ကောင်လေးဟာ
အရပ်ရှည်ရှည် ကောင်လေးရဲ့
အဝတ်စလေးကို ကျစ်ကျစ်ပါအောင်
ဆုပ်လို့....
နူတ်ဖျားလေး
ရှိုက်သံလေးတွေဟာ တိုးယွစွာ...ဒီနေ့ဟာ မောင် လမ်းခွဲတဲ့နေ့....
နောက်ထပ်
ပြေားစရာ စကားမရှိတဲ့ မောင်ဟာ
တော့ တည်ငြိမ်စွာ..
မျက်နှာလွဲထားလေရဲ့...
" မောင်ညာတယ်မောင်ကလေ အမြဲလိမ်တယ်.... "
ကလေးငယ် နူတ်ဖျားထံမှ ထွက်ကျလာတဲ့
ငိုရှိုက်သံနဲ့အတူ တုံရီပြောလာသော
စကားေကြာင့် မောင် ဆိုသူက
သက်ပြင်းချအကြိမ်ကြိမ်ချေနမိသည်။ဒီနေ့ဟာ..
ချစ်သက်တက်တမ်း
၁နှစ်ပြည့်တဲ့နေ့
တယုသယ သိမ်းဆဲထားသော
ဖန်ဘူးလေးထဲက ရောင်စုံ
စက္ကူငှက်တွေ မှာ ရေထားတဲ့
ဆုတောင်းစာတွေ
ဘုရား မကြားလို့ထင်ပါရဲ့....
YOU ARE READING
ရင်မှာ ပျိုးတဲ့ ဆူး,ရင္မွာ ပ်ိဳးတဲ့ ဆူး
Action မောင်က အသက်မဲ့တဲ့စက္ကူ ငှက်ကလေးဆိုရင်တောင် ကျွန်တော် က လှောင်အိမ်ထဲ ဖမ်းထည့်ထားမှာ.......! ခူးဆွတ်မောင်... ( ခူးခူး..)(uke) မာန်မင်းမောင်(seme) မောင်က အသက်မဲ့တဲ့စက္ကူ ငှက်ကလေးဆိုရင်တောင် ကျွန်တော် က ေ...