ငါအိပ်ချင်ပြီမောင်;ငါအိပ်ချင်ပြီမောင်

253 16 11
                                    


မုန်းချင်တိုင်း
မုန်းမရတဲ့စိတ်

မေ့ချင်တိုင်း
မေ့မရတဲ့အတိတ်ရယ်မို့...

နာကျင်သော်လဲ ချစ်နေရပါတယ်

....ရင်၌ ပျိုးတဲ့ဆူး ...

ည ၈ နာရီ
မာကျူရီ မီးရောင်တွေက
အမှောင်ထုကို အန်တုပြီး
ထွန်းလင်နေချိန်....
ကားလမ်းမဘေး
ပလပ်ဖောင်းမှာ ကြုံးကြုံး
ကလေးထိုင်နေရှာသည်....
မဆဲနိုင်သည့် မိုးကတော့
မညာတာစွာ ရွာကျနေခဲ့...
မိုးရွာရင်
လမ်းအပြင်မထွက်ချင်တဲ့
ကောင်လေးငယ်ကတော့..
မောင့်အတွက် မိုးရေစိမ်ပေးရ
တယ်လို့...
ရာသီတုက ကိုယ့်နောက်လိုက်
နေသလာ....
အရင်ရက်တွေက တစ်ညလုံး
ရွာချသည့်မို့ ဒီညသည်လဲ
တစ်ညလုံး နေဦးပေါ့....

ကားလမ်းမကတ္တာလမ်းပေါ်က
ရေအိုင်သေးသေးလေးတွေ
မြင်ရတော့...
တချိန်က မောင်နဲ့ ဗွက်အိုင်
တွေနင်းပြီး ဆော့ခဲ့ကြဖူးတယ်..ရန်ဖန်ရန်ခါ ေမာင်က
လူကြားထဲလဲ ပွေ့ပြီး ပြေး
သေးတာ မောင်ကလေသိပ်ကဲတာ
တခါတလေ ကားက်ိုတစ်နေရာ
မှာပြီး မောင်နဲ့ လမ်းအတူတူ
လျှောက်ခဲ့ကြဖူးတယ်...
မိုးရေတွေကြား နူတ်ခမ်းထက်
က အနမ်းတွေက ရင်ခုန်
စရာသိပ်ကောင်းလှသည်....
ခပ်နွမ်းနွမ်း ပိုရိပ်တွေ
မိန်ဝေးသွားတဲ့ အမှတ်တရတွေ
ရုန်းတိုင်းနစ်တဲ့ နွန်အိုင်ငယ်ရယ်

အိမ်ပြန်လမ်းဆီး ကိုယ်ဆီသွား
နေကြသည့် အိမ်စီးကား
များနဲ့ YPS တစ်ချို့ရယ်...
ထီးကိုယ်စီနဲ့ ပလပ်ဖောင်းက
လူတချို့ရယ်....လမ်းလာသမျှ
ကိုထိုင်ကြည့်နေသည် ....

ချမ်းတယ်မောင်....
ငါ သိပ်အေးတာဘဲ...
မိုးရေရဲ့ အေးစက်မူဟာ
ေခါင်းတွင်းသာမက ဦးနှောက်
အထိအောင် ကိုက်ခဲနေသည်..
လက်ဖျား ခြေဖျားတွေမက
ခြေမျက်စိတွေပါ ထုံကျင့်
အရသာနဲ့ အအေးဓာတ်က ခန္ဓာကိုယ် အနှံ့ပြန်နှံ့လျှက်....
နူဆ်ခမ်းတွေလဲ ပြာမတတ်
အောက်မေ့နဲ့ အပေါ်မေး နှစ်
ခုက ရိုက်ခတ်လျှက်....
အကာအကွယ်မရှိ
ဟားလာဟင်းလင်းမို့...
ဆိုနေဆဲဖြစ်သည့် ပုဆိုးကလေး
ကို ခြေဖျား အထိ ဆွဲခြုံလိုက်
သည်...လက်နှစ်ဖက်ကို
အပြန်အလှန် ပိုက်ရင်း....
မောင် ပြန်လာခေါ်မှာပါလေ...

ရင်မှာ ပျိုးတဲ့ ဆူး,ရင္မွာ ပ်ိဳးတဲ့ ဆူးWhere stories live. Discover now