အိမ်ပြေး.....အိမ္ေျပး...

139 13 3
                                    


အဆင်ပြေချင်ယောင်ဆောင်တာကလွှဲလို့.
အကုန် အဆင်ပြေပါတယ်....

ပျော်ချင်ယောင်ဆောင်ရတာကလွှဲလို့
ငါပျော်နေပါတယ်....

လွှတ်ချခံရလို့ ကျကွဲဖူးရုံ....

သံတိတ်ပြီး ငိုတတ်ခဲ့ရုံ....

သွေးမထွက်တဲ့ ဒဏ်ရာတွေနဲ့
သေလိုစိတ်တွေ လွှတ်ချပေးခဲ့ရုံ.....

..........

ညနေ ၄ နာရီ ကျောင်းဆင်းချိန်ဖြစ်တာမို့
တာဝန်ကျတဲ့ ဌာနတွေမှာ တစ်ခန်းဝင်
တစ်ခန်းထွက်ခူးဆွတ်မောင်သန့်ရှင်းရေး
လုပ်ပေးနေရသည်....
ယခု ဥပဒေအဆောင်က နောက်ဆုံးနှစ်
ခုံတန်းထဲမှ အမှိုက်များတွေကို သိမ်းနေ
သည် အမှိုက်ကြားထဲမှာ လက်ထဲမှ
ဆုပ်ကိုင် မိလိုက်တော့ သံကြိုးကလေး
ကြည့်လိုက်တော့ ငွေဖြူကြိုးစကလေး
ရင်းနှီးဖူးတယ် နာကျင်ဖူးတယ်....
ဒီလက်ပတ်ကြိုးကလေးဟာ
မရွှေပန်းသရဖီ ကို ေမာင်ပေး
ထားတဲ့ လက်ဆောင်တစ်ခုပေါ့...

ဒွီး....ဒွီး....

အိပ်ကပ်ထဲထည့်ထားတဲ့ ဖုန်းတစ်
လုံးဝင်လာတာမို့ ထိုငွေကြိုးကလေးကို
ဘေးချထားပြီးတော့ လက်မှာပေနေတဲ့
ဖုန်တွေကို ပုဆိုးနဲ့သုပ်ကာ
ကိုင်လိုက်တယ်...

"Hello..."

"Hello...

ကိုကြီး.."

တစ်ဖက်လူအသံဟာ...
ဒေါ်လေးရဲ့သား ရဲမင်းစက်.....

"Hello. ..ကိုကြီး...."

"အေး...ညီလေး."

"ကိုကြီး ကို သတိရလို့လာခဲ့တာ
ကိုကြီးအားပြီလား...
ကျနော် ကိုကြီးတို့ကျောင်းနားရောက်
နေပြီး... "

ငယ်လေးက ကိုကြီးကို သတိရလို့ဆိုဘဲ
အမော တစ်ဝက်လောက်ပြေသွားသလိုဘဲ
လုပ်နေကျ အလုပ်လေးကို လက်စသတ်ကာ ဒီနေ့တော့ စောစောပြန်တော့မည်း..

......ရင်၌ ပျိုးတဲ့ဆူး............

ငယ်​လေးသည် စားသောက်ဆိုင်တစ်ခု
ရဲ့ လမ်းဒေါင့်မှာ ရပ်စောင့်နေရှာသည်..
ကားလမ်းမကို ဖြတ်ကူးရင်း သူ့အနားကို
လျှောက်သွားလိုက်သည်....
သူ့အနားကို ရောက်သွားတော့...

ရင်မှာ ပျိုးတဲ့ ဆူး,ရင္မွာ ပ်ိဳးတဲ့ ဆူးWhere stories live. Discover now