တိတ်တဆိတ်
အပိုင်း ၁(တီ...တီ...တီ...တီ...)
(ဘုတ်..)
မရပ်မနားအော်နေသည့် နာရီနှိုးစက်ကို လက်ဖြင့် ပုတ်ချလိုက်သည်။ အိပ်ချင်မူးတူးနဲ့ Alarm မြည်နေသည့်အကြောင်းကို အသည်းအသန် စဥ်းစားနေသည့် မိန်းကလေးတစ်ယောက်။
၁၀ တန်းဖြေပြီး တက္ကသိုလ်တက်ဖို့စောင့်နေသည့် သူမအဖို့ ပုံမှန်ဆို နေဖင်ထိုးအောင် အိပ်တတ်ပြီး ထူးထူးခြားခြား လုပ်စရာရှိသည့် နံနက်ခင်းများမှာပဲ Alarm ပေးလေ့ရှိသည်။ အခုတော့ ဒီ Alarm ဘာကြောင့်မြည်နေရလဲ မနည်းပြန် စဥ်းစားနေရသည်။ ထိုကဲ့သို့ အတွေးများနေသူကတော့ အပျိုမ တစ်ဖြစ်လဲ ပန်းနှင်းပျို။
ထိုအချိန်..
(ဘုန်း ဘုန်း ဘုန်း...)
"အပျိုမ....အပျိုမရေ....ထတော့...၉ ခွဲနေပြီ...ငါသွားတော့မယ်နော်....နင်မလိုက်ဘူးလားးး"
"Oh my god....နေကြာခင်းးးးး"
ချစ်လှစွာသော အစ်မဖြစ်သူ နှင်းအိဖြူ၏ အခန်းပြင်မှ အော်ဟစ်နေသံကြားမှပန်းနှင်းပျို အိပ်ရာပေါ်မှာ အတွေးများနေရာမှ ငေါက်ခနဲ ထထိုင်ကာ အာခေါင်ခြစ်အော်လိုက်မိသည်။
ဒီနေ့ မနက်မှာ မကြီးနဲ့တူတူ သူမတို့မြို့ဆင်ခြေဖုံးက နေကြာခင်းခြံစီ အလည်သွားရင်း sibling date လုပ်ဖို့ ပြောထားခြင်းဖြစ်သည်။
"လိုက်မှာာာာာာာ....."
ပါးစပ်ကလည်း အော်ရင်းဟစ်ရင်း ရေချိုးခန်းထဲ ဝရုန်းသုန်းကားပြေးဝင်သွားသူကတော့ အိမ်၏ အငယ်ဆုံးတစ်ဖြစ်လဲ ဘုရင်မ ပန်းနှင်းပျို။ နာမည်လေးက မိန်းကလေးဆန်သလောက် လူက အကြမ်းဗတမ်း ဘုရားစူး ပန်းနှင်းပျို။
ပန်းနှင်းပျို ပြီးခဲ့တဲ့လကမှ ဝယ်ထားတဲ့ အပြာရောင် ဂါဝန်လက်ရှည်လေးဝတ်ပြီး ကိုယ်လုံးပေါ်မှန်ရှေ့မှာ ချာကနဲနေအောင် ကိုယ်ကိုလှည့်လိုက်သည်။
မိမိဘာသာ အတန်သင့် စိတ်တိုင်းကျတော့မှ ဘေးလွယ်အိတ်လေး ကောက်ဆွဲကာ အိမ်အောက်ထပ်ကို ဒုန်းစိုင်း ပြေးဆင်းတော့သည်။ သစ်သားအုတ်ညှပ် နှစ်ထပ်အိမ်မို့ အပေါ်ထပ်က တစ်ဒုန်းဒုန်းနဲ့ ပြေးဆင်းလာသည့် ခြေသံက အိမ်ပြိုတော့မည့်အလား ပန်းနှင်းပျို၏ နူးညံ့မှုနှင့် မိန်းမသားဆန်မှုကို ဖော်ပြနေသည်။
YOU ARE READING
တိတ်တဆိတ်
Romanceတစ်ချို့သူတွေက ရိုးရိုးစွဲလမ်းမှုတစ်ခုနဲ့ စစ်မှန်တဲ့အချစ်ကို မခွဲခြားနိုင်ကြတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ မလွှဲသာတဲ့ အနှောင်အဖွဲ့တစ်ခုလား? စစ်မှန်တဲ့ ချစ်ခြင်းတရားလား? သေချာတာကတော့ အရာအားလုံးဟာ ဇာတ်ကောင်တွေရဲ့ ဘဝထဲကို တိတ်တဆိတ် ချဥ်းနင်းဝင်ရောက်ခဲ့က...