တိတ်တဆိတ်
အပိုင်း ၂အချိန်နာရီတို့ ရပ်တန့်သွားပြီး အသက်ရှူသံတွေမှားသွားရတယ်ဆိုသည့် အခိုက်အတန့်တစ်ခုကို ပန်းနှင်းပျို သူမ အသက် ၁၆ နှစ်မှာ စတင်သိရှိလိုက်ရပြီဖြစ်သည်။
တစ်လောကလုံး၏ အသံများကိုမကြားနိုင်လောက်အောင် မျက်လုံးထဲဝယ် ထိုပုံရိပ်တစ်ခုသာ။ သို့သော် မကြာလိုက်ပါ။ ပန်းနှင်းပျို၏ ကမ္ဘာသစ်ကို တစ်စုံတစ်ရာက ဖြိုခွင်းပစ်လိုက်သည်။
"ကျော့..ပုံလှရဲ့လား...ကြည့်ပေးဦး..လှလား"
ချစ်စဖွယ်မိန်းကလေးတစ်ယောက်သည် တစ်ယောက်သောသူ ထံ ပြေးလာကာ လက်မောင်းကိုကိုင်လှုပ်ပြီး ချွဲ့ချွဲ့နွဲ့နွဲ့ပြောနေသည်။ ထိုမိန်းကလေးကို အသာငုံ့ကြည့်ကာ ပြုံး၍ခေါင်းငြိမ့်ပြလိုက်သော တစ်ယောက်သောသူ။
ပန်းနှင်းပျို၏အသည်းသည် မည်သည်မည်ဝါဖြစ်သည်ကို မသိလိုက်ခင်မှာပဲ ထပ်ခြမ်းကွဲသွားတော့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် သမီးရည်းစားများဖြစ်သည်ဟု မှတ်ချက်ချလိုက်သောကြောင့်ဖြစ်သည်။
ထိုစဥ် အလိုက်မသိတတ်လွန်းသည့် အစ်မ နှင်းအိဖြူသည်
"ငယ်လေး....ကောာင်လေးနဲ့ ကောင်မလေးက လိုက်တယ်နော်...ကောင်လေးကလည်း တကယ့် Oppa Type ပဲ...ကောင်မလေးကလည်း ချစ်စရာလေးရယ်...အားး"
Fangirling လုပ်နေသော အစ်မဖြစ်သူကို ပန်းနှင်းပျို စိတ်ရှုပ်နေသည့် မျက်နှာထားနှင့် လှည့်ကြည့်လိုက်သည်။
ပန်းနှင်းပျို အခုမှ ပတ်ဝန်းကျင်ကို အသာကြည့်မိတော့ ပန်းခင်းထဲ အလည်လာကြသည့် အခြားအဖွဲ့များသည်လည်း ထိုကောင်ချောလေးကို သိသိသာသာကြည့်သူကတစ်မျိုး မသိမသာချောင်းကြည့်သူများက တစ်ဖုံနဲ့သာ။ သူမကတော့ သိသိသာသာကြည့်သည်ထက်ကို ကျော်လွန်နေတော့သည်။
ထိုစဥ် ၎င်းတို့အုပ်စုသည် သူမအားလှမ်းကြည့်ကာ ၎င်းတို့ထဲမှ တစ်ယောက်က တ့တာလှမ်းပြသောကြောင့် ပန်းနှင်းပျို ရှက်ရှက်နဲ့ အစ်မလက်ကိုဆွဲပြေးတော့သည်။"မကြီး....လာ....ပြန်မယ်...."
"ဟက်.......ဘာဖြစ်တာလဲ....ဟက်...."
YOU ARE READING
တိတ်တဆိတ်
Romanceတစ်ချို့သူတွေက ရိုးရိုးစွဲလမ်းမှုတစ်ခုနဲ့ စစ်မှန်တဲ့အချစ်ကို မခွဲခြားနိုင်ကြတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ မလွှဲသာတဲ့ အနှောင်အဖွဲ့တစ်ခုလား? စစ်မှန်တဲ့ ချစ်ခြင်းတရားလား? သေချာတာကတော့ အရာအားလုံးဟာ ဇာတ်ကောင်တွေရဲ့ ဘဝထဲကို တိတ်တဆိတ် ချဥ်းနင်းဝင်ရောက်ခဲ့က...