အပိုင်း ၃

181 18 1
                                    

တိတ်တဆိတ်
အပိုင်း ၃

တစ်ခုသော တနင်္ဂနွေနေ့၏ နေ့လယ်ခင်းမှာ နှင်းအိဖြူနှင့် ပန်းနှင်းပျိုတို့ ညီအစ်မနှစ်ယောက် မြို့ထဲသို့ စျေးသွားဝယ်ရန် လမ်းပေါ်ရောက်နေကြသည်။

(🎼 I have died...everyday... waiting for you....Darling don't be afraid.....I have loved you...for a thousand years... I love you.... for a thousand more.....🎼)

ကားထဲတွင် လွင့်ပျံနေသည့် သီချင်းသံနဲ့အတူ ပန်းနှင်းပျို အတွေးထဲတွင် တစ်ယောက်ယောက်ကို သတိရသလိုလေး ဖြစ်နေသည်။

"မကြီးရယ်...ငါ့စိတ်ထဲ နေလို့မကောင်းဘူး.."

ပန်းနှင်းပျို၏ လေးလေးပင်ပင်ရှိလှသော အသံကြောင့် အစ်မဖြစ်သူ နှင်းအိဖြူမှာ ကားမောင်းနေရာမှ ဘေးကို အသာကြည့်ရင်း စူးစမ်းရတော့သည်။

"အမလေး....နင်က ဘာအပူတွေများ ရှိနေလို့လဲ အပျိုမ..."

ပန်းနှင်းပျို အစ်မဖြစ်သူကို မျက်စောင်းထိုးကြည့်ရင်း...။

"အော်...သီချင်းလေးက နားထောင်ကောင်းပေမယ့် စိတ်ထဲမယ် ဝမ်းနည်းလာလို့.."

"အပျိုမ ညည်းမှာ ကောင်လေးရှိနေပြီလား..."

နှင်းအိဖြူ အသာမေးတော့..။

"အာ...ရှိပါဘူး...ဒါမယ့် စိတ်ထဲမှာ သတိရနေတဲ့သူတော့ ရှိတယ်..."

ခေါင်းငုံ့ နှုတ်ခမ်းဆူကာ အလိုမကျဟန်နှင့် ပြောနေသော ညီမဖြစ်သူအား..။

"ကဲ ပြောစမ်းပါဦး...ဘယ်သူ့ကို သတိရနေတာလဲ"

"မကြီး မှတ်မိလားတော့ မသိဘူး..နေကြာခင်းသွားတုန်းကလေ...တွေ့ခဲ့တဲ့ကောင်လေးလေ.. အဲ့တစ်ယောက်ကို စိတ်ထဲမှာ သတိရနေတယ်.."

ညီမဖြစ်သူ၏ အပြောကြောင့် အားပါးတရ ရယ်ချလိုက်သည်။

"မကြီး နင် ဘာရယ်တာလဲ...အရမ်းရယ်မနေနဲ့ ရှေ့မှာကားတွေတိုက်မိမယ်.."

သူမတို့ နေထိုင်ရာဒေသလေးမှာ မြို့ထဲနဲ့အလှမ်းဝေးသည့် ဆင်ခြေဖုံးဒေသလေး ဖြစ်သည့်အတွက် အစ်မဖြစ်သူ အလုပ်နားရက်လေးမှာ အိမ်အတွက် လိုသည့်ပစ္စည်းများ သွားဝယ်ရခြင်းဖြစ်သည်။

"မဟုတ်ပါဘူး....အပျိုမတို့များ အရွယ်လေးရောက်လာတော့...ခဏလေးတွေ့လိုက်တဲ့ အချောလေးတွေကိုတောင် သတိရတတ်နေပြီပေါ့....ဘယ်သူမှန်းတောင်မသိဘဲနဲ့..."

တိတ်တဆိတ်Where stories live. Discover now