အပိုင်း ၆

231 21 6
                                    

တိတ်တဆိတ်
အပိုင်း ၆

တစ်ခုသော မနက်ခင်းမှာ တိုးတလျတစ်ယောက်
ယောပုဆိုးနဲ့ ရှပ်အင်္ကျီ အဖြူလက်ရှည်ကို လက်ခေါက်ဝတ်ပြီး အိမ်မှ အလောတကြီး ကားမောင်းထွက်သွားသည်။

ဟုတ်ပါသည်။ ဒီနံနက်ခင်းလေးမှာ သူ့မမကိုးကွယ်သည့် ဘုန်းကြီးကျောင်းရှိ သံဃာတော်များအား အရုဏ်ဆွမ်းကပ်ရန် သူ့မမနှင့် ချိန်းထားသောကြောင့်ဖြစ်သည်။

......

တိုးတလျ ဘုန်းကြီးကျောင်းသို့ ယခင်အခေါက်များကလည်း ရောက်ဖူးသည်မို့ အထူးတလှယ် ဖြစ်မနေတော့။ ဘုန်းကြီးကျောင်းဝင်းမှာ ကျယ်ဝန်းလှပြီး သစ်ပင်ကြီးများ အုံ့ဆိုင်းကာ အေးချမ်းလွန်းလှသည်။

တိုးတလျ ကျောင်းဝင်းအတွင်းသို့ဝင်ကာ ကျောင်းထိုင်ဆရာတော်၏ ကျောင်းတိုက်သို့ ဦးတည်မောင်းသွားလိုက်သည်။

တိုးတလျ၏ ကားကိုမြင်သည်နှင့် ကျောင်းတိုက်နားမှာ ရပ်ထားသည့်  အမည်းရောင် မာစီးတီးပေါ်မှ မိန်းကလေးတစ်ယောက်ဆင်းလာကာ တိုးတလျ၏ကားကို လက်ဝေ့ရမ်းပြနေသည်။

တိုးတလျ အရင်းနှီးဆုံးသော ပုံရိပ်ကိုမြင်တွေ့လိုက်သည့်နောက် အသာပြုံးလိုက်ကာ  မမကတော့ မမပါပဲဟု စိတ်ထဲမှ ရေရွတ်လိုက်သည်။ ဘယ်အချိန်ကတည်းက အိမ်မှထထွက်လာသည်မသိ နံနက် ငါးနာရီခွဲမှာ သူက ကျောင်းတိုက်ကို ကြိုရောက်‌နှင့်နေပြီ။

သူ၏မမကို သဘောကျမိတဲ့အချက်တွေထဲမှာ ထိုကဲ့သို့ ဝီရိယရှိမှုနှင့် အချိန်တိကျမှုတို့ကလည်း ထိပ်ဆုံးကပါဝင်နေသည်။

တိုးတလျကား‌ရပ်ပြီး ကားပေါ်မှ ဆင်းကာ သူ့မမကိုတစ်ချက်ကြည့်လိုက်သည်။

မြန်မာဝတ်စုံ အမည်းဝမ်းဆက်ကိုမှ အပွင့်ရိုက်အနက်‌ရောင် ဘလေဇာ ထပ်ဝတ်ထားပြီး ဆံပင်ကို အနောက်သို့စုသိမ်းစည်းထားသည့် သူ့မမ၏ ရိုးရိုးရှင်းရှင်းအလှဟာ ကျော့ရှင်းပြီး ကျက်သရေရှိပါသည်။ တိုးတလျ သူဒါကိုပဲ နှစ်ခြိုက်ခဲ့ပါသည်။

"ကြည့်လို့မပြီးတော့ဘူးလား"

သူမအား ကြည့်နေသော တလျအား လှမ်းနောက်လိုက်သောကြောင့် တိုးတလျမှာ အနည်းငယ်ရှက်သွားသည့်ဟန် မျက်နှာလွှဲသွားသည်။

တိတ်တဆိတ်Where stories live. Discover now