အပိုင်း ၅

130 16 4
                                    

တိတ်တဆိတ်
အပိုင်း ၅

ညဦးပိုင်း၏ အေးမြသောလေပြေတို့နှင့်အတူ မြို့ထဲ လမ်းမတွေပေါ်မှာ တစ်စုံတစ်ယောက်ကတော့ လေလွင့်နေပုံပေါ်သည်။

ဟုတ်ပါသည်၊ အခြားသူမဟုတ်သည့် တိုးတလျပါ။

တိုးတလျ စိတ်ရှုပ်ထွေးမှုကြောင့် ကားကိုတစ်နေရာမှာရပ်ပြီး မြို့ထဲလမ်းကျဉ်းလေးတွေကြားမှာ လမ်းလျှောက်ကာ ခြေဦးတည့်ရာ သွားနေမိသည်။

ည၏‌အေးချမ်းမှုနဲ့ လမ်းမီးရောင်စုံတွေက သူ့စိတ်အား ငြိမ်းချမ်းစေပါသည်။ လမ်းသွားလမ်းလာ‌တွေနှင့် ကားသံ‌တွေ ဆူညံနေပေမယ့်လည်းပေါ့...

သူ၏ ‌ခြေလှမ်းများ ခေါ်ဆောင်ရာနောက်ကိုလိုက်ရင်း သူငယ်ချင်းမ ချောခန့်သာနေသည့် လမ်းထိပ်ကိုတောင် ရောက်လာပြီ ဖြစ်သည်။ တိုးတလျ သူငယ်ချင်းမကို ဖုန်းဆက်ရင်ကောင်းမလားလို့ စဉ်းစားဆဲမှာပဲ လက်က call ကို နှိပ်ပြီးသား‌ဖြစ်နေသည်။

တီ တီ တီ (ဖုန်းဝင်သံ)

ဖုန်းခေါ်ပြီး စက္ကန့်ပိုင်းအကြာမှာ တစ်ဖက်မှ ဖုန်းကိုင်လိုက်ပုံပေါ်သည်။

"ချော...ငါနင်တို့ လမ်းထိပ်ရောက်နေတယ်...ခဏထွက်လာမလား?"

တိုးတလျ လေးဖင့်နေသည့်အသံနဲ့ မရဲတရဲမေးလိုက်သည်။ မိုးချုပ်မှ အားနာပေမယ့်လည်း စိတ်ညစ်တိုင်း ဒီရှိသည့်သူငယ်ချင်းတွေပဲ သတိရတတ်သူမို့ မသိစိတ်ကပင် အိမ်သို့အရောက်လာနေမိသည်။

"အင်း...စိတ်ရှုပ်နေလို့...အဲ့တာဆို လမ်းထိပ်က cafe မှာ စောင့်နေမယ်"

တစ်ဖက်နှင့် ချိတ်ဆက်အပြီး တိုးတလျ ဝတ်ထားသည့် hoodie အိတ်အတွင်း လက်ထည့်ကာ cafe ထဲသို့ ခပ်သွက်သွက်လေး ဝင်သွားလိုက်သည်။

10 မိနစ်လောက်အကြာမှာတော့ တိုးတလျ၏ ချစ်သူငယ်ချင်း ချောခန့်သာတစ်ယောက် hello kitty ညအိပ်ဝတ်စုံကြီးဝတ်ကာ ရောက်ချလာပါပြီ..

"hey bro... what's up?"

တလွဲတွေဝတ်ကာ ပေါက်ပန်းလေးဆယ်တွေ အော်ရင်း သူ့ဘေးလာထိုင်လိုက်သည့် ချောခန့်သာကို တိုးတလျ မျက်မှောင်ကြုတ်ကြည့်လိုက်ပြီး

တိတ်တဆိတ်Where stories live. Discover now