Part 11 FINAL [Unicode]

585 64 23
                                    

ဝုန်းကနဲဟူသော် ပေါက်ကွဲသံနှင့်အတူ စုန်းတိုင်းပြည်တစ်ခုလုံး ဇောက်ထိုးမှောက်ခုံ ဖြစ်လုမတတ် လှုပ်ခါသွားရသည်။ တခါမျှမကြုံဖူးသော ကြီးမားသည့် မြေငလျင်လှိုင်းကြောင့် စုန်းကဝေအားလုံး တုန်လှုပ်ခြောက်ခြားကုန်သည်။

ထိုပြင်းထန်သော ပေါက်ကွဲမှု၌ William သတိလစ်ကာ ဒဏ်ရာရသွားခဲ့သည်။ သတိရရချင်း လဲကျနေရာမှ ကုန်းရုန်းထသည့်အခါ မိုက်ခနဲမူးနောက်လာသည်။

ဝေဝါးနေသောအမြင်အာရုံ၌ မြင်ကွင်းတို့ကအမှောင်အတိ ဖုံးလုဆဲဆဲ။ ချက်ချင်းဆိုသလို မျက်ကန်းတစ်ယောက်သဖွယ် ဘေးပတ်ပတ်လည်ကို အလောတကြီး စမ်းသပ်ရှာဖွေမိတော့သည်။

တိတိပပမမြင်ရသည့်အခါ လှုပ်ရှားမှုဟာ ပရမ်းပတာနိုင်ပြီး အချိန်ကိုနှောင့်နှေးစေသည်။ အရူးတစ်ယောက်လို အသည်းသန် ရှာဖွေကြည့်ကာမှ အမြဲတစေ ဆောင်ထားတတ်သော လွယ်အိတ်ကလေးကို ပြန်ရှာတွေ့တော့သည်။

အိတ်အတွင်းက ဆေးရည်ကို ဖွင့်သောက်လိုက်မှ အမြင်အာရုံလည်း ပြန်လည်ကောင်းမွန်လာပြီး နာကျင်မှုများအားလုံး တဖြည်းဖြည်းနှင့် ပျောက်ကွယ်သွားတော့သည်။

မှော်ပညာရှင်တွေအတွက် ကိုယ်ပိုင်မှော်ဆေးရည်ကို ဖော်စပ်ထားပြီး အမြဲတစေကိုယ်နှင့်အတူ ဆောင်ယူထားရသည်။ မှော်ပညာရှင်များက မှော်ဆရာများကဲ့သို့ ကိုယ်ပိုင်စွမ်းအင်မရှိသည့်အခါ ကိုယ့်အသက်ကိုယ် ကယ်တင်ဖို့ရာအတွက်ဖြစ်၏။

မှော်ပညာရှင်တစ်ယောက်အတွက်သာ အသုံးဝင်တာမို့လို့ ကိုယ်နှင့်အနီးဆုံးမှာ ဆောင်ထားခြင်းသာ အကောင်းဆုံးဖြစ်သည်။ William အိမ်ထဲမှပြင်ပသို့ ထွက်ကြည့်သည့်အခါ စုန်းကဝေအားလုံးဟာ ငေးငိုင်နေပြီး တစ်နေရာထဲသို့သာ စိုက်ကြည့်နေကြသည်။

စုန်းတိုင်းပြည်၏ နယ်နိမိတ်စည်းဟာ ပျက်စီးလို့သွားခဲ့ပြီ။ မှော်အတားအဆီးက ပြင်ပလောကနှင့် စုန်းတိုင်းပြည်ကို ကာဆီးထားသည့်အရာဖြစ်လို့ မှော်အတားအဆီး ပျက်ပြယ်သွားသည့်အခါ စုန်းတိုင်းပြည်တခုလုံးကို ပြင်ပလောကသို့ ခေါ်ဆောင်လာခြင်း ခံလိုက်ရလေပြီ။

ABRACADABRA 「𝙓𝙄𝙉𝙂𝙃𝙊」Fantasy: Western [Completed]Where stories live. Discover now