Part 3

632 103 17
                                    

Zawgyi

ပြပွဲပြီးစီးသွားချိန်၌ L သည်သူ၏အခန်းဆီသို့ ပြန်လာခဲ့သည်။ လက်အိတ်များအား ချွတ်ကာစားပွဲပေါ် တင်လိုက်ပြီးနောက် ခေါင်းပေါ်မှ ဦးထုပ်ရှည်အား ချွတ်လိုက်သည်။ ဝတ်ရုံရှည်အတွင်းမှ ထွက်လာသော ယုန်ကလေးမှာ သူ၏လက်မောင်းမှတဆင့် ဦးထုပ်အတွင်းသို့ ဝင်ထိုင်လေသည်။

" ငါတို့ဒီနေ့ အကောင်းဆုံးလုပ်နိုင်ခဲ့တယ် ယုန်ကလေးရေ "

ဦးထုပ်အတွင်းမှ ယုန်ကလေးက ခေါင်းလေးစောင်းကာ သူ့အားမော့ကြည့်လာသည်။ L ဟာထိုင်ခုံပေါ်ထိုင်ချလိုက်ပြီး လက်ထဲကဦးထုပ်ရှည်ကို စားပွဲပေါ်သို့ ညင်သာစွာတင်လိုက်သည်။

" မင်းလဲ ဗိုက်ဆာနေလောက်ရောပေါ့ ညစာစားနှင့်တော့နော် ငါရေချိုးလိုက်ဦးမယ် "

မုန်လာဥများအပြည့်လှီးထည့်ထားသော အစာခွက်ရှေ့၌ ယုန်ကလေးအား ချခဲ့ပြီးနောက် ကျောပေါ်ရှိအမွှေးဖြူဖြူလေးများအား လက်ဖြင့်ပွတ်သပ်ပေးလိုက်သည်။ ဝတ်ရုံရှည်အားနေရာတကျ ချိတ်ဆွဲလိုက်ပြီး ကုတ်အင်္ကျီအားချွတ်ကာ ပခုံးပေါ်တင်လိုက်သည်။

မုန်လာဥ တစ်စိတ်ချင်းဆီအား ရှေ့သွားလေးဖြင့်ကိုက်ကာစားသောက်နေသော ယုန်ကလေးအား L တစ်ချက်ကြည့်ကာ ပြုံးပြီးနောက် အခန်းအတွင်းမှ စိတ်ချလက်ချ ထွက်လာလိုက်သည်။

အဖြူရောင်အင်္ကျီလက်ရှည်အား ချွတ်လိုက်သည့်အခါ သူ၏လည်ပင်းထက်၌ ဆွဲထားသော လည်ဆွဲလေးရှိ ကျောက်သလင်းလေးမှာ လက်ခနဲ တောက်ပလို့သွားသည်။ ကြည်လင်သော အသားအရည်မှာ အဝါရောင်မီးအလင်းအောက်၌ ရွှေဝါရောင်ပင်သန်းလို့နေသည်။

ကိုယ်ပေါ်၌ကျန်ရှိသည့် အဝတ်အစားများအား ချွတ်ကာ ရေနွေးဖြင့်စပ်ထားသော ရေချိုးဇလုံအတွင်းသို့ L ဝင်စိမ်လိုက်သည်။ ပူနွေးသော ရေပြင်မှ ရေနွေးငွေ့များသည် သူ၏ရင်ညွှန့်မှဖြတ်၍ ပါးပြင်အထိတိုင် အခိုးအငွေ့များ ရိုက်ခတ်နေသည်။

ရေအောက်နစ်နေသော ပန်းခရမ်းရောင် ကျောက်သလင်းလေးမှ ရေနွေးငွေ့များကြား၌ ပို၍ပင်ကြည်တောက်လာ သယောင်ပင်။ ရှည်သွယ်သွယ်လက်ချောင်းများဖြင့် လက်မောင်းနှစ်ဖက်အား ပွတ်တိုက်နေသော L ၏အကြည့်များမှာ ရေမျက်နှာပြင်ပေါ်ကျရောက်နေသော်လည်း အတွေးများမှာတော့ လက်ရှိအချိန်ကာလမှ သွေဖယ်စွာ အဝေးတစ်နေရာသို့ လွင့်မျော်နေသည်။

ABRACADABRA 「𝙓𝙄𝙉𝙂𝙃𝙊」Fantasy: Western [Completed]Where stories live. Discover now