Part 5

715 93 38
                                    

Zawgyi

" အ့...သခင်.. "

" အစ်...အင့်...အ့ "

L ၏လက်အဝတ်အစအား တင်းကြပ်ကြပ် ဆုပ်ကိုင်ထားသော လက်ကလေးများကြောင့်  လေသံမာမာဖြင့် သတိပေးလိုက်သည်။

" ငြိမ်ငြိမ်နေ "

" သ့...ခင်.....အ့... "

ရှုံ့မဲ့နေသော မျက်နှာငယ်လေးမှာ နာကျင်မှုဒဏ်အား မခံစားတတ်သေးကြောင်း သူအပြည့်အဝနားလည်သည်။

" မလှုပ်နဲ့ "

" အင့်...သ...သခင်......အ့ "

" ကျစ်... "

မျက်ရည်ဝဲကာ ငိုမဲ့မဲ့ရုပ်ပေါက်လာသော ကောင်လေးအား သနားမိပေမယ့် L သက်ညှာပေး၍မဖြစ်ပေ။

" အင့်...ဟင့်...သခင် "

" ကိုယ်ဆေးထည့်ပေးနေတာနော် Jun အသံထပ်မထွက်နဲ့တော့! "

L စိတ်မရှည်စွာ ငေါက်လိုက်သည်။ နာကျင်မှုကြောင့် ဆေးထည့်သည့်အခါ စပ်ဖြင်းဖြင်းဖြစ်နေမည်ကို သိသော်လည်း ကောင်လေး၏ ညည်းတွားသံမှာ သူ့အတွေးများအား အထင်မှားစေသည်။

ကောင်လေးမှာ သူမာန်မဲလိုက်သည်နှင့်  ငြိမ်ကျသွားသော်လည်း အသံမထွက်မိစေရန် အံ့ကျိတ်ထားလေးပုံက သူ့အားစိတ်မသက်မသာ ဖြစ်စေပြန်သည်။ သို့ရာတွင် နာကျင်မှုအား နာကြောင်းမပြောပြတတ်သော ကောင်လေးကြောင့် ခပ်တင်းတင်းဆုပ်ကိုင်ထားမိခဲ့သော ကောင်လေး၏လက်အားလွှတ်ပေးရန် သူ သတိမေ့လျော့နေခဲ့သည်။

မည်သို့ပင်ဖြစ်စေ သူ၏အမှားကြောင့်သာ ဖြစ်လာရသည်မို့ အခါခါ L အပြစ်မဆိုရက်ပေ။ ဆေးထည့်ခြင်းအမှုအား L စိတ်ရှည်လက်ရှည်ဖြင့် ထည့်ပေးနေသော်လည်း သူ့လက်မောင်းဆီမှ တစ်ချက်တစ်ချက် တင်းခနဲဖြစ်ဖြစ်သွားသော အင်္ကျီစကြောင့် အမြန်ပြီးစီးအောင်လုပ်ဆောင်ရန် အချိန်ယူနေရသည်။

နောက်ဆုံး၌ ခက်ခက်ခဲခဲဖြင့် ဆေးထည့်၍ပြီးစီးသွားကာမှ နဖူးပေါ်ရှိ ချွေးစအနည်းငယ်အား L လက်ခုံဖြင့်ဖိသုတ်လိုက်သည်။ လက်ကောက်ဝတ်အား ပတ်တီးဖြင့်စည်းပေးလိုက်သည့်အခါ ကောင်လေးမှာ နာကျင်မှုများ သက်သာသွားပုံရသည်။ မူမမှန်သော ညည်းသံများထပ်မထွက်လာတော့၍ L ကျေးဇူးအလွန်တင်မိသည်။

ABRACADABRA 「𝙓𝙄𝙉𝙂𝙃𝙊」Fantasy: Western [Completed]Where stories live. Discover now