Zawgyi
" ကိုယ်က မင်းလေးနဲ့အတူတူ ဆော့ကစားဖို့သဘောတူခဲ့တယ် အဲ့တာကလည်း ကိုယ့်ကြင်ယာတော်လေးရဲ့ ပျော်ရွှင်မှုကိုရှာဖွေပေးချင်လို့ပဲ ဒါပေမဲ့ ကိုယ်မသိခဲ့ဘူး ကိုယ့်ကြင်ယာတော်လေးက ပုန်းရှောင်တဲ့နေရာမှာ အရမ်းတော်နေလိမ့်မယ်လို့ "
ကောင်လေးတုံ့ပြန်မလာခင် Yixing ဆက်ကာပြောလိုက်သည်။
" ကြင်ယာတော် တစ်ပါးအနေနဲ့ Jun နေထိုင်ရမယ့်အရာတွေရှိပေမယ့် ကိုယ် အတင်းအကြပ်တိုက်တွန်းခဲ့ဖူးလို့လား? ကိုယ့်ကြင်ယာတော်လေးက ဖြူဖြူစင်စင်နဲ့ အပြစ်ကင်းလို့ ကိုယ်အများကြီး အလိုလိုက်ပေးထားတာတွေကို Jun မသိချင်ယောင်ဆောင်နေမှာလား? "
ကောင်လေးရဲ့မျက်ဝန်းလေးများ ဝိုင်းစက်နေရာမှ တစ်စုံတစ်ရာကို အလေးအနက်တွေးနေသလိုမျိုးအရောင်ပြောင်းသွား၏။ ထို့နောက်တဖြည်းဖြည်း ခေါင်းငုံ့ကာ ငြိမ်သက်လို့သွားသည်။
ကောင်လေးမှာ အချိန်တော်တော် ကြာအောင်အတွေးထဲ နစ်မြှုပ်နေဆဲဖြစ်၍ Yixing အလောတကြီး သွားမနှောင့်ယှက်ဘဲ သူ့ကြင်ယာတော်လေးဆီမှ ခွန့်တုန့်ပြန်လာမည့်စကားတွေကို အသင့်စောင့်ဆိုင်းနေသည်။
နောက်ထပ်မိနစ်အနည်းအငယ်အကြာမှာ ကောင်လေးက ပြန်ချေပလာမည်ကို သူကျိန်းသေပေါက် တွက်ချက်ထားသော်လည်း ယခုထိမလှုပ်ရှားလာသေးသော ကောင်လေးကြောင့် Yixing မှုန်ကုတ်လာသည်။ ကြည့်ရတာ... သူ ကောင်လေးကို စိတ်မကောင်းဖြစ်အောင် လုပ်လိုက်မိပြီလား?
စိုးရိမ်စိတ်ကြောင့် Yixing ရဲ့ခပ်တည်တည်မျက်နှာထားက ပြေလျော့လာတော့မည့်အချိန်မှာပဲ ကိုယ်ပေါ်က အကောင်ပုစိလေးက လှုပ်လှုပ်ရွရွပြန်ဖြစ်လာသည်။
သူ့ရင်ဘတ်တွေပေါ် လက်သေးသေးလေးတွေနဲ့ တွန်းကန်လာပြီး လဲလျောင်းနေသော ကိုယ်လေးကိုပြန်မတ်လိုက်ကာ Yixing ၏ပေါင်ပေါ်တည့်တည့်၌ခွလျက် ထထိုင်လာသည်။
" အရှင်.... "
ခေါ်သံကြောင့် Yixing ကောင်လေး၏မျက်နှာကိုမော့ကြည့်လိုက်တော့ မျက်နှာငယ်လေးထက်ရှိ အရည်လဲ့နေသလိုတောက်ပသောမျက်ဝန်းလေးများထံက ရီဝေဝေအကြည့်များနှင့် ကြုံကြိုက်မိသည်။
YOU ARE READING
ABRACADABRA 「𝙓𝙄𝙉𝙂𝙃𝙊」Fantasy: Western [Completed]
Fanfic𝕿𝖍𝖊 𝖆𝖈𝖙 𝖔𝖋 𝖑𝖔𝖛𝖎𝖓𝖌 𝖙𝖍𝖊 𝖔𝖓𝖊 𝖜𝖍𝖔 𝖑𝖔𝖛𝖊𝖘 𝖞𝖔𝖚; 𝖆 𝖑𝖔𝖛𝖊 𝖗𝖊𝖙𝖚𝖗𝖓𝖊𝖉 𝖎𝖓 𝖋𝖚𝖑𝖑 Start date-24th September 2020 End date- 24th June 2021 #⓸JunXing Fanfic #Amaryllis_Lian