EXTRA 4

386 60 13
                                    

Zawgyi

" အရှင်မင်းကြီးက အခု အရေးကြီးဧည့်သည်တော်နဲ့ တွေ့ဆုံနေပါတယ် "

အနက်ရောင်အမွှေးလိပ်လိပ်များရှိသော သိုးနတ်သူငယ်လေးရဲ့ပြောစကားကြောင့် Junmyeon တခဏမျှ တုန့်ဆိုင်းသွားသည်။ အပြာနုရောင် အမှုထမ်းဝတ်စုံအပြည့်နှင့် သိုးနတ်သူငယ်လေးက သူ၏ခါးလောက်သာမြင့်ပြီး သူ့အရှေ့၌ လူသားတစ်ဦးနှယ် မတ်တပ်ရပ်နေသည်။

" ငါသိပြီ "

လက်ထဲကရေအိုးကိုပြန်ချပြီး စိုစွတ်နေသော သစ်ရွက်စိမ်းလေးကို လက်ချောင်းဖြင့်ပွတ်သပ်နေမိသည်။ အချိန်အနည်းငယ်ကြာမှသာ နံဘေးရှိရပ်နေဆဲသော သိုးနတ်သူငယ်လေး၏ခေါ်သံကို သတိပြုမိလေသည်။

" ကြင်ယာတော်လေး အဆင်ပြေရဲ့လားခင်ဗျာ့ "

သိုးနတ်သူငယ်လေးက သူ၏မျက်လုံးသေးသေးလေးဖြင့် Junmyeon အားမော့ကြည့်နေတာကြောင့် သူ အသံပြုကာတုံ့ပြန်လိုက်၏။

" တကယ်လို့ တစ်နေရာရာမှာ နေမကောင်းဘူးဆိုရင်လည်း အကျွန်ုပ် အရှင်မင်းကြီးကို လျှောက်တင်ပေးပါ့မယ် " သိုးနတ်သူငယ်လေးက အကြံပြု၏။

" အဲ့လောက်...မလိုပါဘူး "

Junmyeon အလျင်စလို တားလိုက်သည်။ ရုတ်တရက်ဆိုသလို သူ၏မျက်ဝန်းဝိုင်းလေးက လှုပ်ရှားသွားလျက် မက်မွန်သီးလေးလိုရဲတက်လာသည့် မျက်နှာလှလှလေးထက်တွင် ပူပန်မှုအနည်းငယ်ကဖြတ်ပြေးလျက်ရှိနေ၏။

စိုစွတ်သွားသည့်လက်ထိပ်ကလေးကို ပွတ်သပ်လျက် သူ ပြောမိ၏။
" အရှင်က အခုထိအနားမယူရသေးဘူး... အရေးကြီးဧည့်သည်တော်တွေနဲ့ တွေ့ဆုံပွဲပြီးတဲ့အထိ ငါ စောင့်နိုင်ပါတယ် "

" ဒါပေမဲ့ ကြင်ယာတော်မှ နေမကောင်းတာ " သိုးနတ်သူငယ်လေးက ခြေလှမ်းအနည်းငယ် တိုးကပ်လိုက်ရင်း လက်များကို ဆန့်ထုတ်ကာ နားမလည်စွာ ပြောလာ၏။

" တစ်မနက်လုံးလည်း အစားကောင်းကောင်းမစားဘူး။ ကြင်ယာတော်အနားယူတာကို မနှောင့်ယှက်မိစေဖို့ အရှင်ကလည်းသေချာမှာထားတယ်။ ဒါပေမယ့် ဘယ်သူကထင်မှာလဲ ကြင်ယာတော်လေးက စောစောနိုးလာပြီး အရှင့်ကိုမတွေ့တာနဲ့ မပျော်မရွှင်ဖြစ်နေမယ်လို့လေ "

ABRACADABRA 「𝙓𝙄𝙉𝙂𝙃𝙊」Fantasy: Western [Completed]Where stories live. Discover now