CH-5

6.9K 703 41
                                    

◀Unicode▶

          [Seanကိုအကြိုက်တွေ့စေသောခက်ခဲမှုလေး]

လူချမ်းသာရပ်ကွက်တစ်ခုရဲ့ခြံအကျယ်ကြီးထဲမောင်းဝင်လာတဲ့ကားလေးတစ်စီး။အဆူခံထားရလို့ုငြိမ်ကုတ်နေသည့်ကောင်လေးကကားနောက်ခန်းမှာခေါင်းလေးငုပ်လို့လက်ထဲကကြောင်ဖြူလေးကိုပွတ်သပ်နေတယ်။

ရိပေါ်အမှားလုပ်ထားမိတာကြောင့်နဘေးမှာမျက်နှာတည်နဲ့ထိုင်နေသည့်မေမေကြီးကိုမဝံ့မရဲလေးစောင်းငဲ့ကြည့်မိတယ်။လေဆိပ်မှာထွက်ပြေးမိတာကရိပေါ်ကိုကိုကြီးကိုကြောက်လို့။ရိပေါ်အမှန်တိုင်းပြောရရင်ကိုကိုကြီးနဲ့လက်မထပ်ချင်ဘူး။အိမ်ကြီးထဲရောက်ရင်သူဘယ်လိုမှအပြင်ထွက်လို့ရတော့မည်မဟုတ်။

"leo!!!..."

"ဗျာ ဗျာ...မေမေကြီး..."

အနည်းငယ်တင်းမာနေသည့်မေမေကြီးအသံကြောင့်ရိပေါ်မှာအထိတ်ထိတ်အပြာပြာ။

"နောက်ဆို အဲ့လိုတစ်ယောက်တည်းလျှောက်မသွားနဲ့...ကြားလား!!!..."

"ဟုတ် မေမေကြီး..."

အမြဲတမ်းတည်တင်းနေသည့်မေမေကြီးစကားဆိုရိပေါ်မှာဟုတ် ဟုတ်ကဲ့ဖြေရုန်ကလွဲမတက်သာ။ခြံဝကနေအိမ်ကြီးရှေ့ရောက်အောင်အတော်မောင်းနှင်းလာရတာမို့ရိပေါ်ကားတံခါးပေါက်ကမသိမသာခေါင်းလေးပြူလို့ခြံထဲကြည့်မိတယ်။

ရိပေါ်ထင်ထားသလိုပန်းပင်တွေရှိမနေပေမဲ့အရိပ်ကောင်းသည့်အပင်တွေတော့အများကြီးပဲ။အိမ်ကြီးနဲ့ခြံကြီးအလယ်မှာရေပန်းအကြီးကြီးတခုရှိပြီးခြံထဲမှာလည်းဝတ်စုံပြည့်နဲ့ကိုကိုကြီးရဲ့အစောင့်တွေဟိုဟိုဒီဒီပေါမှပေါ။ရိပေါ်ဟိုငေးဒီငေးလုပ်နေတုန်းမှာပဲငြိမ့်ခနဲကားစဥ်ဝင်ရှေ့ကားလေးထိုးရပ်သွားတယ်။

လူသုံးကိုယ်စာလုံးပတ်ရှိတဲ့စဥ်ဝင်တိုင်ကြီးတွေကကနုတ်ပန်းတွေနဲ့အတော်လှသည်။ကားတံခါးလာဖွင့်ပေးသည့်အစေခံတစ်ယောက်ကြောင့်ရိပေါ်ကျင်းကော်ကိုချီရင်းကားထဲကဆင်းလိုက်တယ်။

"ဟင့်!...ပေးပါဘူး...ဒါကျွန်တော့်ကြောင်လေး..."

လက်ထဲကကျင်းကော်ကိုလာဆွဲယူသည့်အစေခံကြောင့်ရိပေါ်နောက်ဆုတ်လို့အတင်းငြင်းလွှတ်တယ်။

The one flower of "SEAN"[Complete]Tahanan ng mga kuwento. Tumuklas ngayon