CH-14

5.9K 637 65
                                    

◀Unicode▶

                    [ဒီလူရင်ကို အေးစေတယ်ဝမ်...]

"Sean!..."

ခေါ်သံနဲ့အတူအနားရောက်လာသည့်ဒေးဗစ်ကအလုပ်စားပွဲပေါ်ဖိတ်စာတစ်စောင်ထိုးပေးလာတယ်။

"ဘာလဲဒေးဗစ်..."

laptopပေါ်ကအကြည့်မခွာပဲခပ်ပြတ်ပြတ်မေးခွန်းထုတ်လာသည့်Sean။အလုပ်ထဲမှာဆိုလူကြီးလူကောင်းဆန်လှသည့်Seanကသိပ်ကိုတိကျပြတ်သားလွန်းသည်။

"ဒီညပွဲတစ်ခုတက်ရမယ်Sean...လုပ်ငန်းရှင်တွေ့ဆုံပွဲမိ​ု့ပါတနာတစ်ယောက်လိုတယ်...ကျွန်တော်မော်ဒယ်အေဂျင်စီနဲ့ဆက်သွယ်ထားပြီးပြီ..."

ဒေးဗစ်စကားအဆုံးSeanအတွေးထဲရောက်လာတာက ဒီညဝမ်ကောင်လေးကိုသွားတွေ့လို့မရတော့ဘူးပဲလို့။ဘယ်တက်နိုင်မလဲ။ရှောင်းကျန့်ကမှောင်ခိုလောကမှာမာဖီးယားSeanလို့လူသိများပေမဲ့Xiaoလုပ်ငန်းစုကိုလည်းဗန်းပြလုပ်နေတာမဟုတ်ပဲတစိုက်စိုက်မတ်မတ်အရှိန်အဟုန်နဲ့အောင်မြင်နေသည်လေ။

"အင်း...သိပြီ...အော် ဒါနဲ့...ဖိလစ်ရောပွဲတက်မှာလား..."

"ကြိမ​်းသေတက်မှာပါ...Mrs.ထရီလစ်လည်းပါလာနိုင်ပါတယ်Sean..."

ရှောင်းကျန့်ခေါင်းတဆက်ဆက်ငြိမ့်ပြီးလာကာပြလိုက်တော့ဒေးဗစ်လည်းရုံးခန်းပြင်ပြန်ထွက်သွားတယ်။ဝမ်ကောင်လေးကိုချုပ်ချယ်လွန်းသည့်ထရီလစ်ဆိုသည့်မိန်းမကြီးကအကျိုးအမြတ်မရှိပဲတော့ဒီပွဲကိုတက်မှာမဟုတ်ဘူး။

▶▶▶▶▶

"leoမြေး...ပြီးရင်ထွက်ခဲ့တော့ အောက်ထပ်မှာဖိလစ်တို့စောင့်နေတယ်..."

"ဟုတ် ဖွား...သားပြီးပြီ..."

ရိပေါ်မှန်ရှေ့ရပ်ရင်းတကိုယ်လုံးကိုတပတ်လှည့်ကြည့်ကာဆံနွယ်တွေကိုတဖက်ကသိမ်းလျှိုလိုက်တယ်။ဆင်ဆွယ်ရောင်suiteကိုလူကြီးဆန်ဆန်ဆင်မြန်းထားပေမဲ့ရိပေါ်မျက်နှာလေးထက်က ကလေးလိုချစ်ဖို့ကောင်းမှုကမမှေးမှိန်သွား။

အကုန်ပြင်ဆင်လို့ပြီးကာမှကုတင်နဘေးကစာကြည့်စားပွဲလေးမှာတဂုတ်ဂုတ်နဲ့အလုပ်ရှုပ်ရပြန်တယ်။ရှောင်းလာရင်သူအပြင်သွားတဲ့အကြောင်းသိစေရန်ခပ်မြန်မြန်စာတစ်စောင်ရေးမိတယ်။

The one flower of "SEAN"[Complete]Tahanan ng mga kuwento. Tumuklas ngayon