The End

8.4K 533 122
                                    

◀Unicode▶

                       [one day,one time]

ခြောက်လနဲ့တစ်ပတ်...တပွင့်ပန်းလေး၏ဥယျာဥ်မှူးစိတ်ဝိဉာဥ်တို့နဲ့ခန္ဓာတွဲလျှက်မရှိသည်ကထိုမျှထိကြာညောင်းခဲ့လေပြီ။

အလွမ်းရက်ရှည်ကြာလာတာနဲ့အမျှနွမ်းလျှလျှက်မျက်ရည်မခမ်းသည့်ကောင်ငယ်လေးဝမ်ကတော့သခင့်အနားကတဖဝါးမှမခွာစည်းကြိုရန်အသင့်ရှိနေဆဲ။

အော်...ပန်းပျိုးလှည့်ပါဦးတော့ဥယျာဥ်မှူးရယ်။

အနည်းငယ်ခြောက်သွေ့စပြုနေသည့်Seanနှုတ်ခမ်းပါး ရေကြည်ခွက်လေးထဲကရေစက်ရေပေါက်ကလေးတွေစိမ့်ဝင်စေရန်အလို့ငြာ ကြိုးစားနေရှာသည့်ပန်းပွင့်ငယ်ကစိတ်ရှည်လက်ရှည်ပါပဲ။

အကြင်သူဝမ်းစိုနိုင်လောက်သည့်ရေပမာဏကိုလက်ဖောင်းဖောင်းလေးမှတဆင့်စီးဆင်းစိမ့်ဝင်စေပြီးပဝါပါးလေးနဲ့Seanနှုတ်ခမ်းပါးကိုသုတ်ပေးကာခပ်ရေးရေးမှဲ့နက်လေးထက်အနမ်းဖွဖွခြွေပြန်တယ်။

နဘေးစားပွဲပေါ်ကနှင်းပန်းခက်လေးအားလက်ထိပ်ကလေးတွေဖြင့်ညင်ညင်သာသာထိတွေ့မိတော့ဝမ်ကောင်လေးဆိုကာခေါ်တတ်သည့်အချစ်လူကြမ်းကြီးရှောင်းရဲ့အသံရှရှကိုတောင်းတမိပြန်လေတော့။

"ဟင့်!...အင့်!..."

ပြည့်အိုင်လာသည့်မျက်ရည်ဥတွေကပါးပြင်ဖွေးဖွေးပေါ်တလိမ့်လိမ့်။တအင့်အင့်ငိုရှိုက်လာသည့်ချစ်ရသူကိုမကြည့်ရက်နိုင်တော့လို့ထင် တဖြတ်ဖြတ်လှုပ်ခတ်လာသည့်Seanမျက်ခွံတွေ။ထို့နောက်မှာတော့

"ဝမ်!...ကောင်လေး..."

အဦးဆုံးပွင့်အံကျလာသည့်အချစ်ဆုံးသူ၏အမည်နာမလေးကစည်းချက်ညီညီ။

တိခနဲတိတ်ကျသွားသည့်ငိုရှိုက်သံအဆုံးမျက်လုံးမှေးမှေးလေးတွေထဲပျော်ရွှင်ရိပ်တွေအတိုင်းဆမဲ့ကိန်းဝပ်လို့။

"အင့်!..."

"အဟက်!..."

အင့်ခနဲနေအောင်တိုးဝင်လာသည့်နွေးအိနေတဲ့ခန္ဓာပါးပါးလေးကြောင့်Seanကဝမ်းခေါင်းသံနဲ့ဟက်ခနဲရယ်မိတယ်။

ဝမ်းသာမျက်ရည်ကျလို့အောက်နှုတ်ခမ်းလေးထော်ကာအီခနဲထငိုလေတဲ့အချစ်ကြောင့်ဝမ်ကောင်လေးခေါင်းလုံးလေးကိုပွတ်သပ်ဖို့Seanလက်တွေခပ်ဖြည်းဖြည်းလှုပ်ရှားမိတယ်။အို...တိတ်ပါတော့အချစ်ရယ် ငိုရလွန်းလို့မောနေရော့မယ်။

The one flower of "SEAN"[Complete]Tahanan ng mga kuwento. Tumuklas ngayon