CH-3

7.1K 667 32
                                    

◀Unicode▶

             [မာဖီးယားအ​ဖြစ်ပြန်လည်ရှင်သန်ခြင်း]

"သခင်ကြီး သခင်ကြီး...အကိုလေးပြန်လွတ်လာပြီ!!!.."

အိမ်ကြီးထဲအမောတဂေါလာပြေးပြောသည့်တပည့်ကျော်စကားကြောင့်ဦးရှောင်းချန်နှစ်နှစ်ခြိုက်ခြိုက်ပြုံးမိတယ်။နောက်ဆုံးတော့Seanပြန်လာပြီပဲ။လက်ထဲကယမကာခွက်ကိုစိမ်ပြေနပြေကြည့်ရင်းသားတော်မောင်အလာကိုစောင့်နေလိုက်တယ်။

ဒုန်း!💢

ကျယ်ကျယ်လောင်လောင်အသံကြီးကြောင့်ဆုံလည်ကုလားထိုင်ကိုတပတ်လှည့်ကာနောက်ကိုကြည့်လိုက်တယ်။လွင့်ထွက်လာသည့်အစောင့်တစ်ယောက်ကကြီးမားလွန်းသည့်တံခါးရွက်နဲ့ပစ်စောင့်ကာကြမ်းပြင်မှာပုံရက်သား။ခုမှပဲSeanပီသလာတော့တယ်။

မကြာလိုက်တဲ့အချိန်လေးမှာဦးရှောင်းချန်ရှေ့မားမားလာရပ်သည့်Sean။သိန်းငှက်လိုစူးစူးရဲရဲမျက်လုံးတွေကသံတိုင်တွေနောက်နေခဲ့ရတာကြောင့်လားမပြောတတ် ခက်ထန်မှုကမှန်းဆ၍ပင်မရ။ဒဏ်ရာဒဏ်ချက်တချို့နဲ့မျက်နှာကငါးနှစ်လောက်ထောင်နန်းစံခဲ့ရတာကြောင့်ပါးသိုင်းမွှေးခပ်ပါးပါးနဲ့တောင်Seanဆိုတဲ့လူသားကကြည့်ကောင်းတုန်း။

ညိုစိမ့်စိမ့်အသားရည်နဲ့အကြောပြိုင်းပြိုင်းထနေသည့်လက်တွေ။ဦးရှောင်းချန်အရှိန်အဝါကြောင့်ထောင်တဖြစ်လည်းတံတိုင်းအကာအရံတွေနဲ့အရပ်မှာSeanကိုအလုပ်ကြမ်းတွေတော့ခိုင်းမည်မဟုတ်။ငါးနှစ်အတောအတွင်းSeanကောင်းကောင်းသင်ယူခဲ့ပုံပဲ။

"အိမ်ကကြိုဆိုပါတယ်Sean..."

"အဟက်...Dad..."

ပုခုံးဖက်ကြိုဆိုခြင်းကြောင့်သားအဖနှစ်ယောက်၏ပြန်လည်တွေ့ဆုံခြင်းကစိုစိုပြေပြေဖြစ်လာရတယ်။ဧည့်ခန်းထဲကအစောင့်နှစ်ယောက်ရိုရိုကျိုးကျိုးထွက်သွားတော့မှSeanအနောက်မှာရပ်နေသည့်ဒေးဗစ်ကိုဦးရှောင်းချန်သတိထားမိတယ်။Seanကအဲ့လောက်ထိတပါးသူအာရုံကိုဖမ်းစားနိုင်သည်။

"ဒေးဗစ်ကိုအကြိုမလွှတ်မိဘူးထင်တာပဲ..."

"အင်း...ကျွန်တော်နဲ့လမ်းမှာတွေ့တာ...ဒေးဗစ် ကျေးဇူးပဲ..."

The one flower of "SEAN"[Complete]Tahanan ng mga kuwento. Tumuklas ngayon