CH-36

4.5K 447 50
                                    

◀Unicode▶

                           [For My Son...]

Wedding Inuitation Day,

"သား ဖိလစ်...ဒါဘာလုပ်နေတာလဲ!..."

Weddingကျင်းပရာHotelသို့သွားမည့်အချိန်အဖြူရောင်သတို့သားဝတ်စုံကိုကိုယ်ပေါ်ဆင်မြန်းထားလျှက် ဧည့်ခန်းထဲဝိုင်ထိုင်သောက်နေသည့်ဖိလစ်​ကြောင့်ထရီလစ်အနားလျှောက်သွားရင်း သားဖြစ်သူကိုနားလည်ရခက်စွာမေးလိုက်မိတယ်။

ဘယ်နှယ့် သတို့သားဖြစ်သူကပျော်နေရမည့်အချိန်ဝိုင်ပုလင်းကိုအဖော်ပြုလို့ဘာစိတ်မပျော်စရာရှိလို့ဖြေဖျောက်နေမှန်းမသိ ဖိလစ်ပုံစံကခပ်မှိုင်မှိုင်ရယ်။

"သား သားကြီးဖိလစ်!..."

ထရီလစ်အမေးကိုမဖြေဝိုင်ခွက်ကိုတဖက်ကကိုင်လျှက်ခပ်တွေတွေငေးနေသည့်ဖိလစ်ကြောင့်ပုခုံးပုတ်လို့သတိပြန်ဝင်စေလိုက်တယ်။

"မာမီ..."

"အင်း...ပြောလေသားကြီးဖိလစ်...မာမီနားထောင်နေတယ်..."

ဆွဲဆွဲငင်ငင်ခေါ်လာသည့်သားဖြစ်သူကိုထရီလစ်ကနားထောင်နေကြောင်းအသိအမှတ်ပြုဟန်ကလေးတစ်ယောက်လိုသဘောထားလို့ဖိလစ်နှဖူးပေါ်ကဆံစတွေကိုသပ်ပေးလိုက်တယ်။

"ကျွန်တော်မာမီ့ကိုချစ်တယ်နော်..."

"အဟက်...ဒီကောင်လေးကတော့..."

သူ့အပြောကြောင့်သဘောတကျရယ်ရင်းဒီကောင်လေးကတော့ဆိုကာငြူစူလာသည့်မိခင်ဖြစ်သူကိုငေးနေသည့်ဖိလစ်မျက်လုံးအိမ်တွေကအဓိပ္ပါယ်ဖော်ရခက်စွာဆွေးဆွေးမြေ့မြေ့။

"မာမီဘာကြီးပဲဖြစ်နေဖြစ်နေ ကျွန်တော်မာမီ့ကိုချစ်တယ်..."

"အင်း...မာမီရော...သားဘာလုပ်လုပ်ဖိလစ်ကမာမီ့အချစ်ဆုံးသားပဲ..."

"သားဘာလုပ်လုပ်မာမီခွင့်လွှတ်နိုင်လား..."

"ဟအင်း...မာမီသားကိုခွင့်လွှတ်မှာမဟုတ်ဘူး...မာမီကသားကိုဘယ်တော့မှအပြစ်မြင်မှာမဟုတ်လို့မာမီနဲ့သားကြားမှာခွင့်လွှတ်မှုမလိုအပ်ဘူးဖိလစ်..."

သေသပ်ပိရိလှသည့်ဖိလစ်နှုတ်ခမ်းတွေပီတိကြောင့်ပြုံးလိုက်မိတော့မျက်လုံးအိမ်တွေထဲဝမ်းနည်းမှုအရိပ်အယောင်တချို့နေရာယူလာပြန်တယ်။

The one flower of "SEAN"[Complete]Tahanan ng mga kuwento. Tumuklas ngayon