Part 1
ရိပေါ် မှာထားတဲ့အစားအစာသွားချရင်း
သူ့လက်ကို ရုတ်တရက်ဆွဲကိုင်ခံလိုက်ရသည်။" မင်း! "
" အစ်ကို! "
ရိပေါ်မမျှော်လင့်ပဲရှောင်ကျန့်နဲ့ ဆုံတွေ့ရတာကြောင့်
ကြောင်ကြည့်နေမိသည်။" နယူးယောက်ကို ဘယ်တုန်းက ရောက်တာလဲ "
" ကြာပြီ ၂နှစ်ကြော်ပြီအစ်ကို "
" မင်းက ဒီဆိုင်က "
" အစ်ကိုမြင်တဲ့အတိုင်း စားပွဲထိုးပါ "
" ဘာ မင်းလို့နုနုဖတ်ဖတ်ကောင်လေးက စားပွဲထိုးလုပ်နေတယ် "
ရိပေါ်ပြုံးလိုက်သည် ဒါသူအတွက်မဆန်းပေမဲ့
မျက်လုံးပြူးမျက်ဆန်းပြူးသွားတဲ့ အစ်ကို့ကိုကြည့်ပြီး
ပြုံးမိသည်။" အစ်ကိုစားကြည့်ပါအုန်း ဒီဆိုင်က အမဲသားက
ကောင်းတယ် "ရိပေါ်ပြောပြီး ဧည့်သည်ဝင်လာတာကြောင့် သွားမေးလိုက်သည်။
ဧည့်သည်စားချင်တာကိုချပေးပြီး အစ်ကိုစားပွဲဝိုင်းကို
လှမ်းကြည့်လိုက်တော့ အစ်ကို့ကိုမတွေ့ရပေ🌃
"အစ်ကို ဘာသောက်မလဲ "
Xiao Zhan ဘားမှာထိုင်ရင်း အသံကြောင့်မောကြည့်လိုက်တော့ ရိပေါ်ပဲဖြစ်နေသည်။
" မင်း ဒီမှာလည်း "
" ကျွန်တော့်က ဒီက waiterပါ "
" မင်း! "
Xiao Zhan မန်နေဂျာကိုခေါ်ပြီး ပိုက်ဆံရှင်းခဲ့ပြီး
ကောင်လေးကို ဆွဲခေါ်လိုက်သည်။" အစ်ကိုဘာလုပ်တာလဲ "
" ဒီမှာ waiterလုပ်ရအောင် မင်းကအသက်ပြည့်သေးလို့လား "
" အစ်ကိုဘာတွေပြောနေတာလဲ ကျွန်တော်အသက်၂၂
ပြည့်တော့မယ် "" ကားပေါ်တက်ငါလိုက်ပို့မယ် "
" မလိုပါဘူး ကျွန်တော်အလုပ်ပြန်လုပ်ရအုန်းမယ် "
ရိပေါ်ဘားထဲဝင်ဖို့ ခြေအလှမ်းအလှမ်း
" ငါဖုန်းတစ်ချက်ဆက်လိုက်တာနဲ့ မင်းအလုပ်ပြုတ်ပြီနော် အေးဆေးအိမ်ပြန် "