Part 6
" ရိပေါ် မင်းသားက င့ါအခန်းထဲဝင်မွှေတာကြည့်အုန်း "
သားလေးက မုန်တင်ခုံရှေ့ကခုံမှာထိုင်ပြီး
ဖန်ရှင်းရဲ့နှုတ်ခမ်းနီတွေကို သားလေးသူ့နှုတ်ခမ်းမှာဆိုးထားသလို ဖန်ရှင်းရဲ့ ဆံပင်တုကိုလည်း စွပ်ထားသည်။" ဟားဟား ငါ့သားလေးက ဘယ်လိုဖြစ်တာတုန်း "
" ပါပါး သားက ဦးဦးရှင်းကိုအလှပြင်ပေးမလို့ဟာကို
ဦးဦးရှင်းက ပြင်မခံဘူး "" အဲ့တာနဲ့ ကိုယ့်ကိုကိုယ်ပြင်လိုက်တယ်ပေါ့ "
ရိပေါ်ဆန်နီလေးကို အသဲယားစွာ ဆွဲနမ်းလိုက်သည်။
" ပါပါးမျက်နှာသစ်ပေးမယ် "
ရိပေါ် သားလေးကိုမျက်နှာသစ်ပေးကာ
ချော့သိပ်လိုက်သည်။" မင်းအလုပ်ကနောက်ကျလှချည်လား "
" အင်း "
" ရော့ "
ဖန်ရှင်း သူ့စုထားတဲ့ပိုက်ဆံကိုပေးလိုက်သည်။
" ဟာ..ငါမလိုပါဘူးကွာ "
" မင်းမြန်မြန်ဆိုင်ဖွင့်နိုင်မှ မပင်ပန်းတော့မှာပေါ့ကွ "
" ငါမပင်ပန်းပါဘူး ဆန်နီလေးအတွက် ကြိုးစားဖို့ငါ့မှာ ခွင့်အားတွေအများကြီးရှီတယ် "
" တကယ်တော့ ကလေးတာဝန်ကိုဟိုလူလည်း ယူသင့်တယ် "
" ဟာ..မင်းကလည်း ဘာဆိုင်လို့လဲ "
" မဆိုင်ဘူးပေါ့ ဆန်နီလေးက သူနဲ့တရုပ်တည်းကိုး "
" ငါ့နဲ့တူတာပါကွ "
ဖန်ရှင်းနှုတ်ခမ်းရွဲ့ကာခေါင်းရမ်းလိုက်သည်။
" ဒါနဲ့ သူကငါ့ကို ဟာသတစ်ခုပြောတယ် "
" ဘာဟာသလဲ "
" သူ့ဆီမှာလုပ်ရင် တစ်လဒေါ်လာ၂၀၀၀တောင်ပေးမယ်တဲ့..ဟားဟား ဘယ်လောက်ရယ်ရတဲ့ဟာသလဲ "
Yiboရယ်နိုင်ပေမဲ့ ဖန်ရှင်းတော့မရယ်ပဲ လေးလေးနတ်နတ်စဥ်းစားကာ
" ဖြစ်နိုင်တယ်ကွ. "
" ဘာဖြစ်နိုင်တာလဲ "
" သူမင်းကိုလိမ်တာမဟုတ်ပဲတကယ်ပြောတာ
ဖြစ်နိုင်တယ် မင်းစဥ်းစားကြည့်လေ
ဆန်နီလေးအတွက်ကား ချက်ခြင်းရောက်လာတယ်
မင်းရဲ့မတန်တဆကော်ဖီတစ်ခွက်ကိုလည်း
ဒေါ်လာတစ်ရာပေးပြီး သောက်တယ်
ဒီလူဘောစိပဲနေမယ် "