Part 4
Breakfast Time
" ရိပေါ်! မင်းဆိုင်ဖွင့်ချင်တာ ငါသိပါတယ်
ဆိုင်ဖွင့်ချင်လို့ ပိုက်ဆံအသဲအသန်စုချင်နေတာလည်းငါသိတယ် ဒါပေမဲ့ မင်းကလေးကိုတော့ ကောင်းကောင်းကျွေးသင့်ပါတယ်ကွ "" ဆန်နီလေးက ငါ့သားပါကွ သူ့ကိုဘယ်တုန်းက
ငါ့ မဝမလင်ကျွေးဖူးလို့လဲ "" အဲ့ဒါဆို အခု ပီဇာဘယ်မှာလဲ "
" အဲ့ဒါ ငါတမင်သက်သက်မကျွေးတာ မင်းမြင်တဲ့အတိုင်းပဲ ငါ့သားက ၂နှစ်ကလေးကဆိုတာ သူဗိုက်ကပူပြီးဝက်နဲ့တူလာပြီ "
" ဟားဟား "
ရိပေါ်စကားကြောင့် ဖန်ရှင်းအားရပါး ရယ်လိုက်သည်။
" သားသားကခန့်ချောကြီး ပါပါးလူဆိုး "
ရိပေါ်ခွံတာမစားပဲ သားလေးကဆူပုတ်စွာ ပြောနေသည်။
" သားသားကိုဘယ်သူက အဲ့လိုပြောလို့လဲ "
" အိမ်ဘေးနားကမိုင်လိုကပြောတယ် မင်းပါပါးကအရမ်းချောသလို မင်းကလည်းကြီးလာရင် ခန့်ချောကြီးဖြစ်မှာတဲ့ "
စကားတက်တဲ့သားလေးကြောင့် ရိပေါ်နဲ့ဖန်ရှင်း ပြုံးရယ်လိုက်သည်။
" ခန့်ချောကြီးဖြစ်ချင်ရင် အစားလျှော့ရမယ်
အစားမပုတ်ရဘူး "" သားဘယ်မှာ အများကြီးစားလို့လဲ စတော်ဘယ်ရီဖျော်ရည်နဲ့ ဖတ်ထုတ်နှစ်ခုပဲစားရသေးတာကိုး "
" ဘာနှစ်ခုတုန်း နှစ်ပန်းကန်ကုန်သွားတာကိုး "
ဖန်ရှင်းထလာကာ ဆန်နီလေးကိုပွေ့ချီလိုက်သည်။
" ဟားဟား ဦးဦးရဲ့ဆန်နီလေး ဘယ်လောက်ဝလာလဲ
ဦးဦးပွေ့ကြည့်အုန်းမယ် "" လေးတယ်မဟုတ်လား ဆန်နီလေးက "
" ဟုတ်တယ် တော်တော်လေးတာပဲ "
ဆန်နီ ဦးလေးရှင်းကို ထုရိုက်လိုက်သည်။
" အဟင့်..ဟင့် သားကိုဝတယ်မပြောနဲ့
ခန့်ချောကြီးလို့ပြော "" ဟုတ်ပါပြီ ခန့်ချောကြီးပါ "
ရိပေါ်မြန်မြန်စားပြီး သားကိုနမ်းကာ အလုပ်ကို
မြန်မြန်ထွက်လာခဲ့လိုက်သည်။🗽
ရိပေါ် ဆိုင်ထဲဝင်တာနဲ့ ဆိုင်ရှင်က သူ့ကိုကောင်းကောင်း
ဆက်ဆံသည်။" ကောင်လေးပန်းကန်ဆေးစရာမလိုဘူး
မင်းစားပွဲထိုးရုံပဲ "" ကျွန်တော်ပန်းကန်မဆေးရဘူးဆိုပြီး
လုပ်အားခလျှော့ပေးလို့ မရဘူးနော် "" ငါ့သိပါတယ်ကွ မင်းကလည်း "
ရိပေါ်စားပွဲထိုးနေရင်း ရှောင်ကျန့်ဝင်လာပြန်သည်။
" waiter !"
" ဘာစားမလဲ "
" ထုံစမ်းအတိုင်း "
" ထုံစမ်းအတိုင်းပြောရအောင် အစ်ကိုက ဒီဆိုင်ကို
ရောက်တာ ၂ခေါက်ပဲရှီသေးတယ် "" အမဲသားကိတ်တလိတ် "
" ပြီးရော "
Xiao Zhan ဝမ်လေးချပေးတာစားရင်
ဝမ်လေးအလုပ်ပြီးတဲ့အထိ အပြင်ကစောင့်နေလိုက်သည်။" ဝမ်လေး ကားပေါ်တက် "
" ကျွန်တော်နောက်အလုပ်တစ်ခုပြေးရအုန်းမယ် "
" ကိုယ်ဆီမှာ စာဖိုးမှုးလိုနေတယ်
မင်းလုပ်ပေးနိုင်မလား "" မလုပ်ချင်..."
" တစ်လကို ဒေါ်လာနှစ်ထောင်ပေးမယ် "
" ဟွား..များသားပဲ ဒါပေမဲ့ ကျွန်တော်သူများ
လခစားမလုပ်နိုင်ဘူး "" ဘာ!..အခုကော မင်းဘာထူးလို့လဲ
သူများပိုက်ဆံယူပြီး
အချိန်ပိုင်းလုပ်နေတာပဲ "" အဲ့ဒါက ချက်ခြင်းရတယ်လေ "
" အခုလည်းကိုယ့်ပေးတဲ့လစာက မင်းအတွက်
မနည်းပါဘူး "" ကျွန်တော်လည်းများလွန်းလို့မယုံတာပေါ့ဗျာ
ဘယ်နှယ်ဒေါ်လာ ၂၀၀၀ အများကြီးပဲ
တကယ်ကောပေးမှာ ဟုတ်ရဲ့လားမသိဘူး "ကျင်းရီကားပေါ်ကနေ နားထောင်ပြီး ရယ်မိသည်။
ဒီလူ သခင်လေးအကြောင်းကို လုံးဝမသိတာလား
သခင်လေးလို့ စကားတည်တဲ့သူမှ
နောက်တယ်လို့ထင်ပြီး ပြန်ပြောရဲတယ်
တော်တော်သတ္တိရှီတာပဲ
နယူးယောက်မှာ သခင်လေးနာမည်ကြားရုံနဲ့
အားလုံး ဖိတ်ဖိတ်တုန်အောင် ကြောက်ကျသည်။" အစ်ကိုနဲ့စကားပြောနေတာနဲ့ တော်တော်အချိန်ကုန်သွားပြီ ကျွန်တော်ပြေးတော့မယ် "
ရိပေါ်ပြောဆိုရင်းပြေးထွက်သွားသည်။
ရှောင်ကျန့်တော့ ဆွံအစွာကျန်ခဲ့လေသည်။🗽