Part 2
ရှောင်ကျန့်ကလေးနဲ့ ထွက်လာတော့ Jackတို့ကို တွေ့ရသည်။
" မင်းတို့ကို ငါနောက်မလိုက်နဲ့လို့ပြောထားတယ်လေ "
" သခင်လေးအကူအညီလိုမလားလို့ "
" မလိုဘူး ဝေးဝေးသွားနေ "
သခင်လေး ကလေးတစ်ယောက်နဲ့ ဒုက္ခရောက်နေမှာဆိုးလို့ ကျင်းရီတို့အဝေးကနေစောင်ကြည့်နေလိုက်သည်။
" ပါပါး..ပါပါး "
သူကိုယ်ပေါ်ကကလေးလေးအော်သံကြောင့်
Xiao Zhan ကြည့်လိုက်တော့ ပြေးလာနေတဲ့
ရိပေါ်ကိုတွေ့ရသည်။" သားကိုအောက်ချပေး "
ရှောင်ကျန့်အောက်ချပေးလိုက်တော့
ကလေးလေးက
ရိပေါ်ဆီပြေးသွားသည်။" အဟင့်.. ဟင့် သားလေး "
ရိပေါ်သားလေးကိုပွေ့ဖက်ပြီး ငိုကြွေးလိုက်သည်။
" ပါပါး ငိုနဲ့ "
မငိုပဲ နှစ်သိမ့်ပေးနေတဲ့ကလေးငယ်လေးကို ကြည့်ပြီး
ရှောင်ကျန့်ပြုံးလိုက်ပြီး မေးမြန်းလိုက်သည်။" ဘယ်သူ့ကကလေးလဲကွ "
" အစ်ကို "
ရိပေါ်မျက်ရည်သုတ်ပြီး အစ်ကို့ကိုကြည့်လိုက်သည်။
" အစ်ကို ကျွန်တော့်ကလေးကို ခိုးသွားတာလား "
" မြတ်စွာဘုရား မင်းကငါ့ကိုစွပ်စွဲနေပါလား "
ရိပေါ်ဆူပုတ်ပြီး ကလေးကိုပွေ့ချီကာ
ထွက်သွားသည်။" ဟေ့..ဟေ့ နေအုန်းလေ "
ရှောင်ကျန့်အပြေးလိုက်ကာ ရိပေါ်လက်ကိုဆွဲလိုက်သည်။
" ဘာလုပ်တာလဲ "
" ကိုယ်လိုက်ပို့မယ် "
" မလိုပါဘူး "
ဆန်နီလေး ပါပါးနားနားကပ်ကာ တိုးတိုးလေးပြောနေသည်။
" ပါပါး ကားဝယ်ပေး "
" နောက်မှဝယ်ပေးမယ် "
" အဲ့ဒါဆိုစတော်ဘယ်ရီဝယ်ပေး
သားဖျော်သောက်မယ် "" စျေးကြီးတယ် နောက်မှဝယ်မယ် "
" အဲတာဆို သားသားက ဘာစားရမှာလဲ "