Part 5
တင်းတောင်!
ရိပေါ် တံခါးသွားဖွင့်လိုက်တော့ ရှောင်ကျန့်ကိုတွေ့ရသည်။
" ဘာလာလုပ်တာလဲ စောစောစီးစီး "
" မနက်စာစားမလို့ "
" သူများအိမ်မနက်စာ အလကားလာစားလို့ရမလား "
ရှောင်ကျန့်အိတ်ထဲကပိုက်ဆံ ဒေါ်လာတစ်ရာ
ထုတ်ပေးလိုက်သည်။" ဒီလောက်ဆိုရပြီလား "
" မဆိုးပါဘူး "
ဒေါ်လာတစ်ရာကိုယူပြီး ရိပေါ်ပြောလိုက်သည်။
ရှောင်ကျန့်လည်း ရိပေါ်နောက်လိုက်ကာ
ထမင်းစားခန်းထဲ ဝင်ထိုင်လိုက်သည်။" ဆန်နီလေး ဦးဦးလာတယ် "
ရှောင်ကျန့် အိတ်ထဲက ကားကြီးကိုထုတ်ပေးလိုက်သည်။
" ဟွန့် "
ဆန်နီလေးကားကိုစိတ်မဝင်စားပဲ ဖတ်ထုတ်ကိုသာ
ပါးစပ်ထဲထိုးသွင်းနေသည်။
ရိပေါ်ပြုံးပြီး အစ်ကိုစားဖို့ခူးခပ်ကာ အစ်ကိုရှေ့ ချပေးလိုက်သည်။" ကော်ဖီတစ်ခွက်ပါပေးပါ "
ရိပေါ်နှုတ်ခမ်းဆူသွားတာကြောင့် ရှောင်ကျန့်ထပ်ပြီး ပိုက်ဆံတစ်ရာပေးလိုက်တော့
ယူပြီး ပြုံးသွားကာ ဖျော်ပေးလေသည်။" သားပဲ ကားလိုချင်တာဆို ဒီမှာကားဝယ်လာတာ
ဘာလို့မကြည့်တာလဲ "" အစ်ကိုကားကအရုပ်ကားကြီး ဘာလုပ်ရမှာလဲ
ဆန်နီက အရုပ်ဆို မွေးပွရုပ် ဝက်ဝံရုပ် လိပ်ရုပ်
ဘဲရုပ် သူဖက်ထားလို့ရတဲ့ အရုပ်ပဲကြိုက်တာ "" ဒါနဲ့အစ်ကို နားကြားမလွဲပါဘူး ဟိုတနေ့က ကုန်တိုက်မှာ ကားလိုချင်တယ်လို့ပြောသလားလို့ "
" အဲ့ဒါက တကယ်ကားကိုပြောတာ "
" တကယ်ကား "
" ဟာ အစ်ကိုကလည်းလူကြီးမောင်းတဲ့ကားကို
ပြောတာမဟုတ်ဘူး ကလေးစီးတဲ့ကား အဲ့ဒါကိုပြောတာ ကားကစျေးကြီးလို့ ကျွန်တော့်ကမဝယ်ပေးသေးတာ "" အစ်ကိုသိပြီ "
ရှောင်ကျန့်ချက်ခြင်းပဲ Jackကိုဖုန်းဆက်ကာ မှာလိုက်သည်။
ဆယ်ငါးမီနစ်တောင်မစောင့်ရဘူး ဆန်နီလေးလိုချင်တဲ့
ကားရောက်လာသည်။" အစ်ကိုဘာလုပ်တာလဲ "
" ကားဝယ်ပေးဆို "
" သားကငယ်သေးတယ် ထိုင်ခုံတောင် ကလေးထိန်းအကာနဲ့ ထိုင်ရတာ "
" ဝမ်လေးပဲ အစောန ပိုက်ဆံမရှီလို့
မဝယ်ပေးနိုင်တာဆို "" အဲ့ဒါက သားရှေ့မှာမို့ ပြောတာလေ "
" ကား..ကားစီးမယ် "
" မစီးရဘူး ဆန်နီ "
" ကားစီးမယ် "
" စီးပါစေ ကိုယ်ထိန်းပေးပါမယ် "
" ဟာမရဘူး အစ်ကိုကားပြန်ယူသွား "
" ဝမ်လေး အစ်ကိုထိန်းပေးပါမယ် ကောင်လေး ဘာမှမဖြစ်စေရပါဘူး "
" ကားစီးမယ် ပါပါး! ကားစီးမယ် "
" မစီးရဘူး ဆန်နီလေးက ပါပါးစကားနားထောင်နော် "
" အဟင့်..ဟင့် စီးမှာပဲ "
" စီးချင်လည်းစီးကွာ ရော့ "
ရိပေါ်သားလေးကို ကားထိုင်ခုံမှာ ထိုင်ခိုင်းလိုက်တော့ ကားစတီယာကို မမှီပဲနေလေသည်။
" တွေ့လား မမှီပါဘူးဆိုမှ ကားက လေး..ငါးနှစ်
ကလေးစီးမှ မှီမှာ "" အစ်ကိုမှားသွားတယ် "
ရှောင်ကျန့် ခေါင်းကုတ်ပြီးပြောလိုက်သည်။
" အဟင့်..ဟင့် "
ကားစတီယာကို မမှီတာကြောင့် သားလေးအော်ငိုလာသည်။
" မငိုနဲ့လေ ဆန်နီရဲ့ မမှီတာကို ပါပါးက ဘယ်လိုလုပ်ပေး မလဲ "
" အဟင့်.. ဟင့် လုပ်ပေး လုပ်ပေး ပါပါးလုပ်ပေး "
" သားလေးက အစားပုတ်တာကိုး
အစားအများကြီးစားတော့ ပုပြီးတိုနေရော အရပ်ရှည်အောင် ပါပါးဆေးတိုက်မယ်နော် "" ဆေးသောက်ဘူး..သောက်ဘူး သူဘာသာ
ရှည်လာလိမ့်မယ် "" အဲ့ဒါဆို အစားလျှော့ ဝက်ကလေး "
ဆန်နီလေးခေါင်းညိတ်လိုက်သည်။
သားအဖနှစ်ယောက်စကားပြောတဲ့ပုံက ကြည်နှူးစရာ
ကောင်းတာကြောင့် ရှောင်ကျန့်ကြည့်နေမိသည်။" အစ်ကိုကားပြန်ယူသွား "
" ယူရဘူး..ယူရဘူး သားသားကား "
" ကလေးလိုချင်တာကို ထားလိုက်ပါ
ဖတ်ထုတ်သွားစားလိုက်အုန်းမယ် "" သားလည်းစားမယ် "
" ဘာပြောတော့ အစားလျှော့မယ်ဆို..ဝက်ကလေး "
သားလေးဗိုက်ကို ပုတ်ပြီးပြောလိုက်တော့
သားလေး တခစ်ခစ်ရယ်နေသည်။🗽🗽🗽🗽🗽