4

3.4K 268 13
                                    

ကိုယ့်စကားနဲ့ ကိုယ် တိုင်ပတ်လေခြင်းဆိုပြီး စိတ်ပျက်လျက်ရပ်နေတဲ့ Jin လက်ထဲမှ ဆိုင်ကယ်သော့ကိုပါ ယူပြီး Jin ဆိုင်ကယ်ပေါ်တွင် JK က အသင့်ထိုင်နေပြီး နောက်ကနေတက်ရန် အချက်ပြနေတဲ့ JK

Jk - ကောင်လေး တတ်လေ ဘာရပ်ကြည့်နေတာလဲ

Jin - ဟင်.....  ဟို.... တကယ် ကြီး လိုက်ပို့မလို့လား

Jin ဘဝမှာ ဘယ်သူ့ကိုမှ သူ့ဆိုင်ကယ်ပေါ် မတင်ဖူးသလို တခြားသူနောက်ကလိုက်စီးဖို့ ဆိုတာဝေးရော အခုဟာက ကို့ဆိုင်ကယ်ကို ကိုကနောက်က စီးရမယ်တဲ့လား မယုံကြည်နိုင်တာကြောင့် တကယ်ကြီးလားမေးမိတော့

Jk - အဟက် ငါက ညာပြောတယ်ထင်လို့လား

Jin သောက်ထားတဲ့ အရှိန်လေးတောင် ပျက်သွားသယောင် မတတ်နိုင်တော့ ဟိုဘဲကြီးကဖြင့် ဆိုင်ကယ်ပေါ်ရောက်နေပြီ
သက်ပြင်းရှည်ကြီး ချကာ နောက်ကနေဝင်ထိုင်လိုက်တော့သည်

Jk - ကောင်လေး လမ်းညွှန်ဦး ပို့ရမယ့်နေရာကို ပြီးတော့ ကိုင်ထား

အိမ်နဲ့ အနီးစပ်ဆုံးနေရာကိုသာပြောပြီးတာနဲ့ ကိုင်ထားဆိုသောကြောင့် ဆိုင်ကယ်ရဲ့ နောက်ကိုကိုင်တော့

Jk - ကိုင်ရတာ အဆင်မပြေရင် အဆင်ပြေတဲ့နေရာ ကိုင်လို့ရတယ်နော်

(အမလေး Jk shi ရှင်က ဘယ်ကို ကိုင်စေချင်နေတာလဲ)

Jin - ရ..ရပါတယ်

Jk - သဘောလေ

ပြောပြီးတာနဲ့ စထွက်သွားတဲ့ ဆိုင်ကယ်လေး
ဆိုင်ကယ်က သူ့ဟာနဲ့သူ ပုံမှန် အရှိန်လေးနဲ့သွားနေတာကြောင့် အမြန်စီးနေကျ Jin အတွက် လှည်းစီးရသလိုပင်

Jin - ဘဲကြီး မမောင်းရဲဘူးလား ခင်ဗျားဟာက လှည်းလားဗျာ...

ဗုဒ္ဓေါ ဒါ ပုံမှန်ဆိုင်ကယ်မောင်းရမဲ့ နှုန်းအတိုင်း မောင်းနေတာကို လှည်း လားတဲ့ လေ

Jk - ဟေး သတ်မှတ်ထားတဲ့နှုန်းပဲလေ အထွန့်မတတ်နဲ့

ဟင့် ကြည့်ပါလား စကားပြောရင်က အဲ့လိုမျိုး ဆရာကြီးဆိုဒ်နဲ့ ထည့်ထည့်ပြောလို့ကို ကြည့်မရတာ

Jk ဘက်မှန်ကနေ လှမ်းကြည့်တော့ နှုတ်ခမ်းထော်ပြီး ဘာတွေ ပြောနေမှန်းမသိ တကယ့်ဟာလေး ပြောနေတာ ရပ်အောင် လုပ်ရမယ်
Jk ရုတ်တရက်အရှိန်ကိုတင်လိုက်ပြီး မမှီတော့ တဲ့မီးပွိုင့်ကိုမမှီမှန်းသိရင်နဲ့ မောင်းသွားပြီးမှ ပွိုင့်ရှေ့တည့်တည့်တွင် ဘရိတ်ဆွဲညစ်ပြီးရပ်လိုက်တော့
နောက်က ပေါက်စလေးက *အင့်* ဆိုတဲ့ အသံကလေးနဲ့ အတူ Jk ကျောပြင်ကို မျက်နှာမူလျက်
လက်အစုံတို့ကလည်း Jk ခါးထက်တွက် ဖက်ထားပြီးသား

Story? That's our Love (Completed) Where stories live. Discover now