15

3.4K 211 20
                                    

အခုတလော Jin တစ်ယောက် အရင်ကထက် ပိုပြီး လိမ်မာလာတယ် First date ပြီးတဲ့ နေ့ကတည်းကနောက်ပိုင်းကို အရင်လောက်လည်း မဆိုးတော့ ကျောင်းလည်း မှန်မှန်တတ်သည်
နောက်တစ်ခုကတော့ Jk မနက်စာ နေ့လည်စာနဲ့ ညစာကို Jin လက်ရာသီးသန့် ပုံမှနိစားနေရသည်မှာ 2 weeks လောက်ရှိပြီ
ပင်ပန်းမှာဆိုးလို့မချက်ခိုင်းပေမယ့် အဲ့အခါကျရင် သူချက်တာမကောင်းလို့လားဆိုပြီး စိတ်ကောက်တတ်သေးတယ် ဒီတော့လည်း အမောင် Jk တို့က စွန်းပျော်လေ ဘယ်သူက ကိုယ့်ချစ်သူ လက်ရာ မစားချင်ပဲနေမလဲ ပြီးတော့ စားလို့ကလည်း ကောင်းသေးတယ် 😁😁😁
Jk ရဲ့ ချစ်ခြင်းအောက်မှာ Jin လိမ်မာနေတယ်ဆိုပေမယ့် ပြင်လို့ မရသေးတဲ့ တစ်ခုက ဆိုင်ကယ် စီးတာပဲ ဘယ်လိုပြောပြော ဆိုင်ကယ်တစ်စီးနဲ့ ကျောင်းသွား ကျောင်းပြန်လုပ်နေတုန်း
Tae မရှိတာပဲ ကောင်းတယ်ပြောရမလားပဲ Jin တစ်ယောက်ထဲ ဖြစ်နေလို့လည်း ဒီလောက်ထိ ထိန်းရလွယ်နေတာလေ
ဒါနဲ့ ချစ်သူတွေ ဖြစ်နေပြီဆိုပြီးတော့ နှစ်ယောက် တစ်အိမ် နေရမလားမှတ်တယ် ကလေးပေါက်စက မရဘူးတဲ့လေ ကိုယ့်အိမ်မှာပဲ ကိုယ်နေပါဆိုလို့ Jk တို့ အောင့်သက်သက်နှင့် နေနေရသည်
ဒီနေ့တစ်ရက်တော့ ကျောင်းလိုက်ပို့ချင်လွန်းလို့ အဲ့ကလေးကို တောင်းဆိုထားရသေးသည်

Jk - Jin ရေ ကျောင်းသွားရအောင်လေ

Jin - လာပြီ လာပြီ Kook ရေ

Jk - ဘာလို့ ပြေးလွှားနေတာလဲ ချော်လဲကုန်ပါ့မယ် ကလေးရဲ့

Jin - ဟီးးး ရော့ ဒါက Kook အတွက် နေ့လည်စာ ထမင်းဘူး

Jk - ကိုယ့် ကလေးက ချစ်ဖို့ကောင်းလိုက်တာ မွမွမွ 😘😘😘

Jin - 😊😊 လာလာ သွားရအောင်...

ကျနော့ ကလေးက သူ့ကို ကျောင်းပိ​ု့ ကျောင်းကြိုလုပ်ပေးတါကို မကြိုက်ဘူးတဲ့လေ သူက ကလေး မဟုတ်ဘူးဆိုလို့ ကျနောံမှာ မပို့ပေးရဘူး ဒီနေ့တစ်ရက်လေးကိုတော့ ကျနော့မှာ တောင်းဆိုထားလိုက်ရတာ လက်ခံလို့တော်သေးတယ်

Jin - Kook ကျောင်းရောက်ပြီ တာ့တာ

Jk - Jin လိမ်လိမ်မာမာ ကျောင်းတတ်နော် ကို ညနေ လာကြိုမယ်

Story? That's our Love (Completed) Where stories live. Discover now