5

3.3K 274 17
                                    

ဘာလိုလိုနဲ့ Korea ရောက်တာ တစ်ပတ်တောင်ကျော်သွားပြီ အခုထိ ဟိုနှစ်ကောင်ကို အိမ်ရှာခိုင်းတာလည်း မရသေး Studio က အလုပ်များနေတာကြောင့်ဆိုတဲ့ ဆင်​ခြေ ဆင်လက်တွေကြောင့် နောက်ဆုံးတော့ Jeon Jungkook တို့
ကိုယ့်အားကိုယ်ကိုးကာပင် အေဂျင်စီသို့ သွားအပ်လိုက်တော့သည်

အေဂျင်စီအပ်လိုက်တာမှဟုတ်သေးတယ် မနေ့က အပ်တယ် ဒီနေ့ အိမ်လိုက်ကြည့်ပါလားဆိုပြီး ဖုန်းဝင်လာလေရဲ့
မြန်တယ်ဆိုမှ ကျနော်လိုချင်တဲ့ပုံစံက တိတ်ဆိတ်တဲ့ရပ်ကွက် တစ်ယောက်ထဲနေမယ်ဆိုပေမယ့် နှစ်ထပ်အိမ်ပုံလေး ခြံသေးသေးလည်းပါရမယ်  (တစ်ယောက်ထဲ အတွက်လား အနာဂတ်အတွက်ပါ ကြိုစဥ်းစားပြီးဝယ်မှာလား မသဲကွဲဘူး)
အဲ့လိုအချက်တွေ များနေတော့အေဂျင်စီကပြောတယ် amount များများသတ်မှတ်မှ ရမယ်တဲ့လေ မတတ်နိုင် သဘောတူလိုက်တော့ ဒီနေ့ ချက်ချင်း အိမ်ကြည့်လို့ ရပြီတဲ့

Jk - HS ကျနော် အိမ်ကြည့်ဖို့ ရှိလို့ သွားလိုက်ဦးမယ်

HS - okay okay သွားလေ အရေးကြီးတာမရှိလို့ တခါထဲရုံးဆင်းလည်း ရတယ် အေးဆေးကြည့်

Jk - ကျေးဇူး HS

Nana - ဟင် Jk oppa က ပြန်တော့မလို့လား Nana က မုန့်တွေ ဝယ်လာပေးတါကို

Dong wan - မုန့်ဟုတ်လား စိတ်မပူနဲ့ Jk hyung မစားရင် ငါတို့ စားပေးမယ်

Nana - ဟွန့် sanbae တိ​ု့အတွက်က သက်သက်လေ

Jk - ထားပါ Nana ရယ် နောက်မှစားမယ်လေနော် 😊😊

Nana- Nae Oppa

ဟင်းးး အဲ့လိုပဲ စော်ကြည်နှုန်းကတော့ ရောက်ရောက်ချင်း မှာပဲ အဖွဲ့ထဲက ကလေးမက အီနေပြီ
ရိပ်မိတာပေါ​့ အကုန်လုံးက Jk sanbae လို့ ခေါ်ခိုင်းပေမယ့် သူက Jk oppa တဲ့လေ
အဖွဲ့သားတွေအချင်းချင်း စိတ်တမျိုးဖြစ်မှာဆိုးလို့ အဆင်ပြေသလို ခေါ်ခိုင်းလိုက်မိတာ
အခုဆို တစ်နေ့တစ်မျိုး မုန့်က ပါလာတယ်
အားနာရပေမယ့်လည်း ကြည့်တော့ ရှောင်ရတာပေါ့ဗျာ

---------------------------------------------

Agency - ဒီအိမ်လေးက ဘယ်လိုနေလဲ သဘောကျလား

Jk - အင်း.... မဆိုးပါဘူး ဒါပေမယ့် အိမ်အနောက်မှာက ရထားလမ်းနဲ့ နီးတော့ နည်းနည်းများဆူညံမလားလို့

Story? That's our Love (Completed) Where stories live. Discover now