26

2.6K 190 12
                                    

Jk. Jin ကို ပခုံးပေါ်ထမ်းလျက်ပုံစံနဲ့ပဲ ဆိုင်ထဲက ထွက်လာပြီး ကားရပ်ထားတဲ့ နေရာနဲ့ ဝေးတါကြောင့် လမ်းလျောက်သွားရဦးမည်
Jk ကျောကို လက်သီးဆုပ်လေးတွေနဲ့ ထုနေပြီး

Jin - ဘယ်ကို ခေါ်လာတာလဲ ချပေး ချပေး......

လက်ကလည်း ထုလညိးထု ပါးစပ်ကလည်း ချပေးဖို့ အဆက်မပြတ်အော်နေတဲ့ Jin
အဆက်မပြတ်ထုနေတဲ့ Jin လက်ကလေးတွေ နာနေမှာဆိုးတာရယ် ထမ်း​ခေါ်ထားတော့ဇောက်ထိုး ပုံစံဖြစ်နေလို​့ သူ့ကလေး သက်သောင့်သက်သာမဖြစ်မှာဆိုးတာကြောင့် ကားဆီမရောက်ခင် ခဏချပေးလိုက်တော့

Jin - ဟေ့လူကြီး ဘာလို့ လူကို ဖမ်းခေါ်လာတာလဲ.... 😭😭😭

Jk - ဖမ်းခေါ်တာမဟုတ်ပါဘူးကလေးရယ် ကလေးကို အိမ်ပြနိပို့မလို့လေ

Jin - ဖယ်ပေး..... Kook... Kook ရေ ဒီမှာ Jin ကို အတင်းဖမ်းနေတယ် လာကယ်ဦး 😭😭😭😭

အစက သူ့ကို ရစ်နေတယ်ထင်တာ အခုတော့ ဘယ့်နှယ့် သူ့ကို လူဆိုးထင်ပြီး kook လာကယ်ဆိုပြီးအော်ခေါ်နေတဲ့ ပေါက်စကြောင့် ရယ်ရခက် ငိုရခက်
ကလေး ရဲ့ မသေးလှတဲ့ အသံကြောင့် လမ်းသွားလမ်းလာတွေက Jk ကို ကွက်ကြည့် ကွက်ကြည့်နဲ့

Jk - ကလေး ကိုလေ ကလေးရဲ့ Kook လေ
မငိုနဲ့လေနော် ကိုက ကို့ကလေးကို အိမ်ပို့ပေးမလို့လေ

ချော့ပြောလိုက်တော့ လက်ကလေးတွေက မျက်လုံးကို ပွတ်ပြီး လူကို ပြူးပြဲ ကြည့်နေလေရဲ့

Jin - Kook....  ဟုတ်တယ် Kook ပဲ.. Kook ချီ ညောင်းတယ်

ဟော ချက်ချင်း ပြောင်းသွားတဲ့ လေသံနဲ့ အတူ လက်ကလေးနှစ်ဖက်ကို ဆန့်ပြီး ချီခိုင်းနေတာကြောင့် ကျေကျေနပ်နပ်ကြီး ချီလိုက်ရလေသည်
Jk ချီလိုက်တာနဲ့ Jin ခြေထောက်နှစ်ဖက်က ခါးတွင် ချိတ်လျက် လက်နှစ်ဖက်ကလည်း လည်ပင်းတွင် ဖက်တွယ်ကာ ခေါင်းလေးကတော့ Jk ပခုံးထက်၌ မှီရင်း ငြိမ်ငြိမ်လေးလိုက်လာလေရဲ့

ဘာစကားမှ မပြောတော့ပဲ ငြိမ်နေတာကြောင့် အိပ်ပျော်နေမှနိး Jk သိလိုက်သည် ကားဆီရောက်တာနဲ့ ထိုင်ခုံပေါ်သို​့ဖြေးညှင်းစွာချပေးပြီး ခါးပတ်ပတ်ပေးကါ Jin နှုတ်ခမ်းလေးသို့ အနမ်းလေးတစ်ပွင့်တော့ ခြွေလိုက်လေသညိ
ထို့နောက် ကားလေးက Jin အိမ်ရှိရာသို့

Story? That's our Love (Completed) Where stories live. Discover now