12

3.4K 249 12
                                    

NJ နဲ့ Tae ကို လေဆိပ်လိုက်ပို့ရင်း မျက်ရည်လေးတွေ ဝဲလာတဲ့ Jin
လူဆိုတာ မခွဲခင်သာ အဆင်ပြေပြနေပေမယ့် ခွဲခါနီးဆိုရင် ဒီလိုပဲ ဝမ်းနည်းတတ်ကြစမြဲပဲလေ

Nj - မငိုပါနဲ့ Jin လေးရယ် ကိုကိုတို့က ပြန်လာမှာပဲဟာကို တိတ်နော်

Tae - jin မငိုပါနဲ့ မင်းငိုတော့ ငါလည်း ငိုချင်တာပေါ့လို့ 😭😭😭

Jin - မင်းက ကိုကိုနဲ့ ပျော်ပျော်ကြီး လိုက်သွားမှာလေ ဘာလို့ လာငိုနေတာလဲလို့ 😭😭😭😭

ပြောလည်းပြော ငိုလည်းငိုနဲ့ အပြိုင်ငိုနေတဲ့ ချစ်သူလေး Tae နဲ့ ညီလေး Jin ကို ကြည့်ပြီး NJ ခေါင်းခြောက်ကုန်သည်

Nj - jin လေးရော Tae လေးရော တိတ်တော့နော်
ပြီးတော့ ကိုကိုကတိပေးတယ် ဒီတစ်ခါ စောစောပြန်ခဲ့မယ်လေနော်

Jin - ကတိနော် ကိုကို .ကတိပေးနော် Tae

ကလေးလေးလို ချွဲနေတဲ့ Jin လေးကိုဖက်ပေးကါ ကျောပြင်လေးပုတ်ပေးနေတုန်း လေယာဉ်လိုက်ပါစီးနင်းမည့်သူတွေကို ခေါ်နေတာကြောင့်

Tae - jin သွားတော့မယ်နော် ဂရုစိုက်ပြန်နော် ပြီးတော့
တိုးတိုးလေးကပ်ကာ
ရန်လည်း မဖြစ်နဲ်နော် ငါမရှိတော့ မင်းတစ်ယောက်ထဲဖြစ်နေလိမ့်မယ် ကြားလား

Jin - omm...  တာ့တာ ငါ့ကို မမေ့နဲ့နော်

Tae - ommm

Nj - jin လေး ကောင်းကောင်းပြန်နော် ကိုကိုတို့သွားပြီ

ထွက်ခွာသွားတဲ့ နောက်ကျောနှစ်ခုကို ကြည့်ရင်း တစ်ယောက်ထဲကျန်ခဲ့တဲ့ Jin လေး
Tae ပြောတဲ့ အတိုင်း ရန်မဖြစ်ပဲ နေနိုင်ပါ့မလား

Jin လည်း လေဆိပ်က Toilet ဝင်ကာ မျက်နှာဝင်သစ်ပြီး ပြန်လာခဲ့တော့သည်

----------------------------
ဒီနေ့ NJ hyung တို့ Japan ပြန်မယ့်နေ့ လေဆိပ်လိုက်ပို့ပေးချင်ပေမယ့်လည်း အမှုတစ်ချို့က ရှင်းဖို့ ရှိနေတာကြောင့် အိမ်ကိုဝင်ပြီးပဲ နှုတ်ဆက်ကာ အလုပ်လာခဲ့တော့သည်
ပေါက်စ မျက်နှာလေး ကြည့်မိပါသေးရဲ့ မျက်ရည်လေးက ဝဲလို့ ဒီလိုကျတော့လည်း JK စိတ်မကောင်း လေဆိပ်ရောက်ရင် ငိုရင် ငိုနိုင်မည့် ကလေးလေးကြောင့် ဖြစ်နိုင်ရင် လိုက်သွားပြီး ချော့ချင်ပါသေးသည် ဒါပေမယ့်လညိး အလုပ်က ရှိသေးတယ်မဟုတ်လား

Story? That's our Love (Completed) Where stories live. Discover now