မမလူဆိုး ep 4

2.4K 142 23
                                    

ကြမ်းပြင်ပေါ်ပွနေသော စာအုပ်များနဲ့အဝတ်တစ်ချို့ သိမ်းဆည်း
နေလိုက်တာအချိန်ကုန်လို့ကုန်သွားမှန်းမသိ ၈နာရီပင်ထိုးသွားသည်။
နေလယ်က ပိုဟပ်ဖမ်းမယ်ပြောထားတော့ သူမရှိရာအခန်းဘက်
ဉီးတည်လျောက်လာခဲ့တယ်
ကိုကသတ္တိခဲကြီးမဟုတ်လား...

"ဟယ်...မြေး မအိပ်သေးဘူးလား..."

"ဟုတ်...
မမကိုတိုင်ပင်စရာလေးရှိလို့ပါဘွား"

ဘွားကတစ်ရေးနိုးရေထသောက်တာဖြစ်မည်။

"မိုးချုပိနေပြိမြေးရယ် မြေးမမကိုဘာသွားရှုပ်ဉီးမလို့တုန်း"

"ရှုပ်ပါဘူး ဘွားကလဲ မမခေါ်လို့နိုင်နိုင်သွားတာ"

"အေးပါကွယ်...ညဉ့်မနက်စေနဲ့ဉီးနော်မြေး"

"ဟုတ်ကဲ့ဘွား"

ကိုယ်သူကို မမလို့ခေါ်လိုက်တာလား ?
ကိုယ်ထက်အကြိးဘဲလေ မမလို့ခေါ်တာဘာဆန်းလဲ

"ဒေါက်...ဒေါက်"

"ဟုတ်...နိုင် လာလေ"

မမ ကသူကိုတခါးဖွင့်ကာအထဲဝင်စေပြိး
ပိုးဟပ်ရှိရာကိုညွန်ပြတယ်

"နိုင် ဘာနဲ့ဖမ်းမှာလဲ "

"ဒိမှာလေ ..."

လက်ထဲကအသင့်ပါလာတဲ့ ခွက်ကိုမြောက်ပြတော့သူရဲ့
မဟာဆန်တဲ့အပြုံးဟာထွက်ပေါ်လာတယ်

"ဒီခွက်နဲ့ ဖြစ်ပါ့မလားနိုင်ရဲ့ လာ တို့လက်အိတ်စွတ်ပေးမယ်"

"အင်း..ဟုတ်..."

ကိုယ်ရှိကဟုတ်ဆိုတဲ့စကား ကြားတော့လက်အိတ်စွပ်ပေးနေရင်းမှ
မျက်လုံးလေးပင့်ကာ မချဉ်ပြုံးနဲ့ ကိုယ်ကိုလှောင်နေသလား

"ဘာပြုံးတာလဲ🙄..."

"လိမ္မာနေပြိထင်လို့"

"ဆိုးတယ်..."

"ဆိုးတာမကောင်းဘူးလေ နိုင်"

"ဘာဖြစ်လဲ ဆိုးတယ်"

"လူဆိုးမလေးလား..."

ညအိပ်ဝတ်စုံ အဖြူရောင်လက်ရှည်ကိုမှဘောင်းဘီအတိုခံဝတ်ထား
တဲ့မမက မိးရောင်အောက်မှာ ညနတ်သမီးတစ်ပါး

ကိုယ်ကတစ်ပါး ပေါင်းနှစ်ပါး လျှာမရှည်နဲ့😑

ကိုယ့် ရှေ့ကိုဆင်းကျလာတဲ့မဲနက်နက် ဆံနွယ်ဟာလဲ သူမအလှကို
ပိုပြိး အားဖြည့်ပေးနေသယောင်

မမလူဆိုးWhere stories live. Discover now