Zawgyi Version
အိပ်မပျော်တာကြောင့်နောက်ကျိနေတဲ့စိတ်တို့ ရှင်းသွားအောင် Jungkook ရေအကြာကြီးစိမ်ချိုးနေလိုက်သည်။
ခါးကိုတဘက်ပတ်ပြီး ရေစိုနေသောခေါင်းကိုသုတ်ကာ ထွက်လာချိန်မှာ စားပွဲပေါ်မှမီးလင်းနေသောဖုန်းကိုသတိထားမိသဖြင့် ကြည့်လိုက်တော့ Yoongi hyung ဖုန်းခေါ်ထားတာဖြစ်နေသည်။ပုံမှန်အချိန်မှာတောင် အေးတိအေးစက်နိုင်လှသော Yoongi hyung က missed call ငါးခုဖြစ်အောင် ခေါ်ထားခြင်းက သာမာန်ကိစ္စတော့မဖြစ်တန်ရာ။
ပြန်ခေါ်လိုက်တော့ hyung ကချက်ချင်းကိုင်လာသည်။"Hyung ဆောရီးဗျာ ကျွန်တော်ရေချိုးနေလို့ ဖုန်းခေါ်ထားတာ မသိလိုက်တာ.."
"Jimin ဘယ်မှာလဲငါသိပြီ"
"ဗျာ"
ပျော်ရွှင်မှုနှင့်အံသြမှုရောပြွန်းကာ ပြောစရာစကားကချက်ချင်းထွက်မလာတော့။
သို့သော်ချက်ချင်းဆိုသလို စိတ်ထဲမတင်မကျဖြစ်တာက နောက်မှကပ်ပါလာသည်။"Jimin hyung ကသူဘယ်မှာလဲဆိုတာ လှမ်းပြောတာလား"
"မဟုတ်ဘူး၊ ငါ့အသိဓာတ်ပုံဆရာက Jimin ရဲ့ပုံကို group ထဲမှာတင်ထားတာ။ ငါတို့ဓာတ်ပုံလေးတွေရိုက်ပြီးရင် အဲ့ group ထဲမှာပြန်တင်လေ့ရှိတယ်။ ကိုယ့်အရည်အချင်းကိုယ် ပြတဲ့သဘောပေါ့"
နေပါဦး....hyung ကတစိမ်းတစ်ယောက်နဲ့ အတူတူခရီးထွက်သွားတာလား?..ပြီးတော့ အဲ့ဒါဘယ်သူလဲဆိုတာ သူတောင်မသိလိုက်ရဘဲနဲ့လေ..။
"ဟုတ်ပြီဟုတ်ပြီ hyung....Jimin hyung ရှိတဲ့နေရာကိုအရင်ပြောပြ...ပြီးတော့ hyung တွေ့တဲ့ပုံကိုလည်း ကျွန်တော့်ကိုပို့ပေးလိုက်ပါဦး"
တည်နေရာကိုသိပြီးတာနဲ့ ယူစရာရှိတာယူကာ ချက်ချင်းကောက်ထွက်လာလိုက်သည်။ တခြားသူနဲ့အတူတူရှိနေမည့် hyung ကိုတစ်စက်ကလေးတောင်မှ စိတ်ချမထားနိုင်ပါ။
နှင်းပွင့်လေးလိုဖြူစင်လွန်းသူအား အမဲစက်တစ်စက်စွန်းပေသွားမှာကိုပင် သူစိတ်ပူလှပါသည်။ဖုန်းချက်ချင်းချသွားတဲ့ Jungkook ဘယ်လောက်စိတ်ပူနေမယ်ဆိုတာ ခံစားလို့ရနေတာမို့ Yoongi စိတ်ထဲတော့ကျေနပ်သလိုဖြစ်မိသား။
လွန်ခဲ့တဲ့အပတ်မှစ၍ ကတောက်ကဆဖြစ်ထားကြတဲ့ Jimin နဲ့ Jungkook စကားမပြောကြသေးတာ သူသိသည်။ Jimin ကဘယ်သူ့ကိုမှမပြောဘဲ ထွက်သွားတာကိုလည်း Taehyung ကြောင့်သူတို့အကုန်လုံးသိထားသည်။ ဟိုကလေးပေါက်စက Jungkook ကိုစိတ်ဆိုးပြီး ထွက်သွားတာလေ..။
အင်း..ဒီနေရာမှာစိတ်ဆိုးတယ်လို့မပြောသင့်ဘူးထင်တယ်။ အဲ့ကလေး Jungkook ကိုစိတ်ကောက်နေတာ..။
YOU ARE READING
𝙈𝘼𝙔𝘽𝙀
Fanfictionတကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook တကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook