Zawgyi Version
အချိန်ကြာကြာ အိပ်မက်ကမ္ဘာငယ်ထဲလွှင့်မျောကာ စိတ်ဝိညာဉ်နှင့်ကိုယ်ပြန်ကပ်မိချိန်မှာတော့ လမင်းတာရာ၏အလင်းရောင်က သြကာသလောကကြီးအား ဖြန့်ကျက်ကာနေလေပြီ။
တစ်ချက်တစ်ချက် ကြားနေရသောအသက်ရှုသံမျှင်းမျှင်းကြောင့် ဘေးဘီဝဲယာလှည့်ပတ်ကြည့်မိတော့ Taehyung က ကုတင်ပေါ်ခေါင်းတင်ကာ အိပ်ပျော်နေသည်ပင်။
ခါးတော့နာနေတော့မှာပဲ။
အရသာအာရုံကိုခံစားသိရှိစေသော အာခံတွင်းကခါးသက်သက်ဖြစ်နေသည်မို့ ရေသောက်ရန်အတွက် ကုတင်ပေါ်မှသူဖြေးဖြေးသက်သာထရသည်။
"ဟင် Jimin နိုးပြီလား"
အအိပ်ဆတ်သော သူငယ်ချင်းလေးကချက်ချင်းနိုးလာပြီး မေးလေသည်။
"အင်း ရေဆာလို့"
"ငြိမ်ငြိမ်နေ Jimin ငါခပ်ပေးမယ်"
အလိုက်သိတတ်လွန်းသောချစ်သူငယ်ချင်းလေးပါလေ။
"အဖျားကရှိနေသေးတာပဲ"
ရေသောက်နေစဉ် Taehyung ကနဖူးပေါ်ကိုလက်တင်ပြီးပြောလာသည်။
"ခဏနေရင် စွတ်ပြုတ်သောက်ရအောင်နော် ဆရာဝန်ကစွတ်ပြုတ်ပဲသောက်ဖို့ပြောသွားတယ်"
"ကျေးဇူး Taehyung မင်းလာလို့ငါကံကောင်းသွားတာ"
"ငါ့ကိုကျေးဇူးတင်ရမှာမဟုတ်ဘူး ဟိုဘက်အိမ်ကကောင်လေးကိုကျေးဇူးတင်ရမှာ"
"ဟိုဘက်အိမ်ကကောင်လေး..."
"အင်း ဘေးချင်းကပ်ရက်အိမ်ကလေ Jungkook ဆိုလားပဲ သူကမင်းမေ့လဲနေတာတွေ့လို့ ဆရာဝန်ခေါ်ပေးပြီးဂရုစိုက်ပေးထားတာ"
Taehyung ကဖြစ်ကြောင်းကုန်စင်ရှင်းပြကာ စွတ်ပြုတ်သောက်ရန်အတွက်ပြင်ဆင်ပေးလေသည်။
"တော်သေးတာပေါ့ ဘာမှမဖြစ်သွားလို့"
Taehyung ယူလာပေးသည့်စွတ်ပြုတ်ကို တစ်ဇွန်းခပ်သောက်လိုက်ကာ သူပြောလိုက်မိသည်။ ခံတွင်းတွေပျက်နေသောကြောင့်ဖြစ်လိမ့်မည်၊ စွတ်ပြုတ်ကား အရသာတစ်စက်မျှပင်မရှိ။
"ဒီစွတ်ပြုတ်လည်း သူလုပ်ပေးသွားတာပဲ"
အို အားနာစရာတွေဖြစ်ကုန်ပါရော့လား။
YOU ARE READING
𝙈𝘼𝙔𝘽𝙀
Fanfictionတကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook တကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook