Zawgyi Version
Jimin shi ကိုမိုးစိုမှာဆိုးတာကြောင့် သူထီးအဝါလေးဆောင်းကာ လိုက်ရှာမိခဲ့သည်။
တခြားသူရဲ့ ရင်ခွင်ထဲမှာမြုပ်လုမတတ်ထီးတူတူဆောင်းနေသည်ကို တွေ့ပြန်တော့လည်း သူ့စိတ်တွေအလိုမကျ။
ထို့နောက် အပြစ်မရှိသော ထီးလေးအား လမ်းပေါ်ပစ်ချကာ သူလှည့်ထွက်လာခဲ့သည်။
မဆိုင်လိုက်တာ Jungkook ရယ်
မဆိုင်လိုက်တာ........ကိုယ့်အတွေးနဲ့ကိုယ် မိုးရေထဲမှာလျှောက်လာပြီး တိုက်ခန်းရှေ့အရောက် သူ့ခြေလှမ်းတွေတုံ့ကနဲရပ်သွားရသည်။
"ဟန်နီ"
မိုးရွာနေတာတောင် ဆေးဆိုးပန်းရိုက်မျက်နှာနှင့် သူ့တိုက်ခန်းရှေ့လာစောင့်နေသည့် သူမကိုတစ်ကယ်စိတ်ပျက်မိသည်။
"မိုးရွာနေတာဘယ်တွေလျှောက်သွားနေတာလဲ
ထီးလဲပါမသွားဘူးမလား"ပြောရင်းနှင့်အနားရောက်လာကာ လက်ကိုင်အိတ်ထဲက တစ်ရှူးကိုယူပြီး ယုယစွာမိုးရေတွေကိုသုတ်ပေးနေသောသူမကို Jungkook မကျေနပ်စွာကြည့်မိတော့
"မျက်မှောင်ကိုအဲ့လောက်လည်းကျုံ့မထားပါနဲ့ ဟန်နီရယ်"
"မင်း ကိုယ့်ကိုဟန်နီလို့ခေါ်စရာအကြောင်းမရှိတော့ဘူးလို့ ထင်တယ် ကိုယ်တို့နှစ်ယောက်ဇာတ်လမ်းကပြီးခဲ့ပြီ"
"အဲ့လိုတစ်ဖက်သတ်ကြီးလမ်းခွဲတာကိုလက်မခံဘူးလို့ ပြောခဲ့တယ်လေ ကျွန်မကိုဟန်နီပြန်ချစ်လာအောင် ဘာပဲလုပ်ရလုပ်ရ
အဆင်ပြေတာမို့်လို့""ကိုယ် မင်းကိုဘယ်တုန်းကမှမချစ်ခဲ့ဘူး Katharine"
"အဲ့ဒါကိုယုံမယ်များ ထင်နေလား"
"ယုံတာမယုံတာ မင်းအပိုင်း ၊ နောက်ထပ်လည်းမတွေ့ချင်တော့ဘူးမလို့ ထပ်မလာပါနဲ့တော့"
ရှင်းရှင်းလင်းလင်းပြောပြီး အိမ်ထဲကိုဝင်ရန် တံခါးဖွင့်နေစဉ် သူမ၏လက်များကခါးပေါ်ရစ်နွယ်လာကာ ပြင်းရှရှအနမ်းတစ်ပွင့်ကိုခြွေချသည်။
"အားတဲ့နေ့ထပ်လာခဲ့မယ် ဟန်နီ"
လုပ်ချင်တာလုပ်ပြီးထွက်သွားသောသူမကို သတိပေးစကားထပ်ပြောရန် နောက်လှည့်လိုက်တော့ သူတို့ကိုရပ်ကြည့်နေသော Jimin ssi နှင့်အခြားသူတစ်ယောက်ကိုတွေ့လိုက်ရသည်မို့ တုန်လှုပ်သွားမိသည်တော့အမှန်။
YOU ARE READING
𝙈𝘼𝙔𝘽𝙀
Fanfictionတကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook တကယ်လို့များ hyung ကလမင်းကြီးဆီကိုမင်းနဲ့တူတူသွားချင်တယ်ဆိုရင် လိုက်ပေးမယ်မလား Park Jimin....... Jimin Jungkook